ABN-ထက်မြတ်ခင်
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့၊ ရွန်ကလာအိုဆီမစ်ရွာတွင် မြန်မာလုပ်သားတစ်ဦး၏ အသက်၁နှစ်နှင့် ၇လအရွယ်ကလေးငယ်တစ်ဦး ၁၃၁ပေနက်သည့် မြေအောက်ပိုက်လိုင်းထဲကျသွားခဲ့ပြီး ထိုကလေးငယ်အား ၁၈နာရီအကြာတွင် အသက်ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
တောင်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် မြန်မာလုပ်သားမိဘများ၏ သမီးငယ်လေးသည် ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပိုက်တွင်းထဲကျသွားခဲ့သည်ကို ဘုန်းကြီးများက သတိထားမိသည့်အတွက် ကယ်ဆယ်ရေးဝန်ထမ်းများကို အကူအညီတောင်းခံခဲ့ရာ အချိန် ၁၈ နာရီကျော်တွင် အသက်ရှင်လျက် ကယ်တယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမြေအောက်ပိုက်လိုင်းသည် အကျယ် ၃၀ စင်တီမီတာ၊ အနက်က မီတာ ၄၀ အထိရှိသော်လည်း ကျသွားသည့် ကလေးငယ်သည် တွင်း၀မှ ၁၀ မီတာအကွာတွင် ရှိနေခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိနစ်အချိန်တွင် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ဆေးရုံတွင်ဆေးကုသမှု ခံယူလျက်ရှိသည်။






