Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာလုပ်သား ၆၆ ဦးဖမ်းဆီးခံထားရ

ထိုင်းတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာလုပ်သား ၆၆ ဦးဖမ်းဆီးခံထားရ

ABN-မေအိအိအောင်

ယမန်နေ့မနက် မတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံတွင် ဧည့်စာရင်းမတိုင်ထားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရကြောင်းသိရသည်။

ထိုင်းနိုင်ငံ စမူဆာခွန်ခရိုင် မဟာချိုင်မြို့ရှိ အိမ်ငှါးရမ်းသည့် တိုက်ခန်းတစ်နေရာတွင် ဧည့်စာရင်းတိုင်ကြားခြင်းမရှိသော မြန်မာလုပ်သား ၆၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖ မ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဟာချိုင်တွင် မြန်မာနိုင်ငံမှ ရခိုင်နှင့် ဗမာအပါအဝင် မြန်မာနိုင်ငံသားအများစု နေထိုင်ပြီး အလုပ်လုပ်သည့် မြို့တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကလည်း မြန်မာများကို မကြာခဏ စစ်ဆေးပြီး ဖမ်းလေ့ရှိသော ဒေသတစ်ခုဖြစ်သည်။

“မဟာချိုင်ဆိုတာက တရားဝင် အထောက်အထားရှိသူရော့ မရှိသူတွေပါ ရောနေကြတဲ့ နေရာပါ။ ဒီမှာက ထိုင်းရဲတွေ မကြာခဏ လာစစ်တယ်။ တစ်ချို့ရဲတွေဆို ဘတ် ၅၀၀ ကနေ ၁၀၀၀ လောက် ပေးလိုက်ရင် ရတယ်” ဟု မဟာချိုင်တွင် နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။

ဧည့်စာရင်းကို မိမိနေထိုင်သည့် အိမ်ခန်းပိုင်ရှင်အားတိုင်ကြားရပြီး ထိုမှတစ်ဆင့် အခန်းပိုင်ရှင်များက ထိုင်းသက်ဆိုင်ရာ လ.ဝ.က ရုံးသို့တိုင်ကြားရခြင်းဖြစ်ကြောင်းသိရသည်။

ဧည့်စာရင်း တိုင်ကြားထားခြင်းမရှိသောကြောင့် ဖမ်းဆီးခံလိုက်ရသူများမှာ ထိုင်းဘတ်ငွေ ၄၀၀၀ မှ ၆၀၀၀ အထိ ပေးရမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ