Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် အသက် ၅၆ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ABN -နွယ်စိုး

တနင်္လာနေ့ညနေပိုင်းတွင် ဘန်ကောက်မြို့ ဘန်ဖလီခရိုင်ရှိ တိုက်ခန်းတစ်ခု၌ ကြိုးဆွဲချပြီး သေဆုံးနေသည့် မြန်မာနိုင်ငံသား အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦးကို ၄င်း၏ သမီးဖြစ်သူက တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ ဦးစောအောင်ထွန်းသိန်းမှာ Moo ၁၂ တန်ဘွန် ဘန်ဖလာ၊ ဒုတိယထပ်တိုက်ခန်းတွင် သမီးဖြစ်သူနှင့် ၄င်း၏ ချစ်သူတို့ပါ အတူနေထိုင်ခြင်းဖြစ်သည်။

ည ၉နာရီ ခန့်တွင် သေဆုံးသွားကြောင်း ရဲများကို အကြောင်းကြားခဲ့ပြီး ရဲများက အခန်းအပြင်ဘက်မှ လသာဆောင်တွင် အစိမ်းရောင် နိုင်လွန်းကြိုးဖြင့် လည်ပင်းတွင် ကြိုးဆွဲချ၍ သေဆုံးနေသည့်ကို တွေ့ရှိခဲ့ပြီး ထို့အပြင် ၄င်းသည် ‌ခြေဖဝါးကို ကြမ်းပြင်တွင် လှဲချကာ ဒူးကို ကွေးထားပြီး လက်နှစ်ဖက်ကို ကြိုးစိမ်းဖြင့်ချည်ထားသော အနေထားဖြင့် တွေ့ရှိခဲ့ရသည်။ သို့သော်လည်း ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် လက္ခဏာ မတွေ့ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

၄င်း၏ သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်က ရဲစခန်းတွင် သူနှင့်၄င်း၏ချစ်သူတို့အတူ တစ်ခန်းတည်းနေခဲ့ကြောင်း ရဲကို ပြောခဲ့သည်။

ဖခင်ဖြစ်သူသည် လပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်နေခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာချင်သော်လည်း ၄င်းသားသမီးများအားလုံးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့်အတွက်ကြောင့် သမီးဖြစ်သူက ပြန်လာခွင့်မရခဲ့ဟု သိရသည်။

တနင်္လာနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် သူမနှင့် ၄င်း၏ ချစ်သူတို့ အလုပ်မှ အိမ်သို့ ပြန်လာရာ ကြိုးဆွဲချ၍ သေဆုံးနေသည့် ဖခင်ကို တွေ့ခဲ့သည်။

ဖခင်သေဆုံးမှုနှင့်ပတ်သက်၍ သမီးဖြစ်သူက အချိန်အတော်ကြာကြီး အလုပ်လက်မဲ့ဖြစ်နေသည့်အတွက်ကြောင့် စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ အဆုံးစီးရင်သွားသည် ဟု ယူဆကြောင်းဆိုသည်။

သေဆုံးရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ခွဲစိတ်စစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် အလောင်းအား နယ်မြေခံဆေးရုံသို့ ပိုဆောင်ထားကြောင့် သိရသည်။

ထိုင်းတွင် အသက် ၆၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ