Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် အထောက်အထားမဲ့ မြန်မာ ၄၃ ဦးနှင့် ကားသမားတစ်ဦး စီးလာသည့် လိုင်းကားတစ်စီး ဖမ်းဆီးခံရ

ထိုင်းတွင် အထောက်အထားမဲ့ မြန်မာ ၄၃ ဦးနှင့် ကားသမားတစ်ဦး စီးလာသည့် လိုင်းကားတစ်စီး ဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၃ ဦးနှင့် ကားသမား တစ်ဦးတို့ စီးလာသည့်လိုင်းကားတစ်စီး ကို ထိုင်းဒေသခံအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ နခေါပထုန်မ်ခရိုင်၊ ဘန့်ဖရောင်ဝ် နယ်ရှိ အုန်းသီးသိုလှောင်ရုံမှ လာသော မြန်မာ ၄၃ ဦးနှင့် ကားသမားတစ်ဦးကို ထိုဒေသရှိ စစ်ဆေးရေးပြုလုပ်နေသည့် ထိုင်းရဲများက ဖမ်းဆီးရမိကြောင်း သတင်းတွင်ဖော်ပြသည်။

ကားသမား၏ ဝန်ခံချက်အရ အဆိုပါ လိုင်းကားသည် ထိုင်းနိုင်ငံ၊ ရာချ်ဘူရီခရိုင်၊ ဒမ်နိမ်ဝဒွါမြို့ရှိ ဘန့်ခိုခယ့် အုန်းသီးသိုလှောင်ရုံသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ယင်းဖမ်းဆီးခံရသူ ၄၄ ဦးကို ဥပဒေအရအရေးယူဆောင်ရွက်ရန် ဘန်ဖဲ့ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသတွင်းသတင်း၌ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့ဝမ်ဒို့ကျေးရွာ၌ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦး တင်ဆောင်လာသည့် ကားကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ