Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် မြန်မာလုပ်သား ၁၂ ဦးတင်ဆောင်လာသည့်ကား တိုက်မိပြီး၊မီးလောင်မှုဖြစ်ကာ ကားတွင် လိုက်ပါလာသူများ ဖမ်းဆီးခံရ

ABN-မေအိအိအောင်

ဇူလိုင် ၄ ရက်

ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးတင်ဆောင်လာသည့်ကား စစ်ဆေးမခံဘဲ ထွက်ပြေးရာတွင် ကားတိုက်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကာ မြန်မာလုပ်သားများလည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဖော်ပြချက်အရ အရသိရသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ မင်မြို့၊ဘန့်နာကျေးရွာအနီးတွင် တာဝန်ကျ စစ်ဆေးရေးများ စစ်ဆေးမှုပြုလုပ်နေစဉ် သံသယဖြစ်ဖွယ်ရာ အဖြူရောင်ကားကို စစ်ဆေးဖို့ ရပ်တန့်ရန် အချက်ပြစဉ် အဆိုပါကားမှာ အရှိန်မြှင့်မောင်းပြေးခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ မောင်းပြေးစဉ်တွင် မင်မြို့၊ ဝီဆိုင်နီယား ကျေးရွာအနီးရှိ ရပ်ထားသော ဒေသခံကားတစ်စီးကို နောက်ကဝင်တိုက်ရာမှ ကားမီးလောင်ခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာ နေရာကို ထိုင်းရဲများလာရောက်စစ်ဆေးရာတွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့သို့ ပို့ဆောင်မည့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦး နှင့် အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကားမောင်းသူကိုပါ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မံယဲ့ဖလောင်မြို့၊ မုံကိုးကျေးရွာရှိ စစ်ဆေးရေးဂ်ိတ်တွင် မူးယစ်ဆေးဝါးများ သယ်လာသည့် ဆယ်ကျော်သက် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ