Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် လူငယ်အလုပ်သမားများ အကူအညီလိုအပ်နေ

ထိုင်းတွင် လူငယ်အလုပ်သမားများ အကူအညီလိုအပ်နေ

ABN-ကျော်ဇံ

အသက် ၁၅ နှစ်မှ ၂၄ အရွယ် ထိုင်းလူငယ် ၁.၅ သန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းမှာ အလုပ်မရှိ၊ ပညာမသင်၊ တခြားသင်တန်းများ မတက်ရောက်ထားသည့် (Not in Employment, Education, or Training) NEETs ဟု သတ်မှတ်ခံထားရသည် ဟု အရည်အချင်းရှိသည့် လူငယ်များ၏ အလုပ်အကိုင်နှင့် ပတ်သတ်ပြီး စိုးရိမ်ဖွယ်ရာ လေ့လာမှုစစ်တမ်းတစ်ခုက ထုတ်ဖော်လိုက်သည်။

နိုင်ငံ့ အချက်အလက်ရေးရာဌာန မှရရှိသော အချက်အလက်ကို အခြေခံ၍ ပြုလုပ်သည့် ဤလေ့လာမှုတွင် ၂၀၁၁ ခုနှစ်အတွင်း လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်အရေအတွက် ၄.၈ သန်း မှ ၂၀၁၁ ခုနှစ်တွင် ၃.၇ သန်းသို့ ကျဆင်းသွားသည့် ပြဿနာ အတိုင်းအဆ ကို ပြသနေသည်။

ယူနီဆက်အကူအညီဖြင့် ချူလာလောင်ကွန်း တက္ကသိုလ်ဦးဆောင်ကာ ပြုလုပ်ခဲ့သည့် အစီရင်ခံစာအရ ကျောင်းထွက်လိုက်သည့် ကျောင်းသား၊ကျောင်းသူ ၇၀ ရာခိုင်နှုန်းမှာ ရှေ့ဆက်ပညာသင်ရန် အစီအစဥ်မရှိဟု ဆိုသည်။

ကျောင်းထွက်လိုက်သည့် ၇၀ ရာခိုင်နှုန်းထဲမှ တချို့မှာ အမျိုးသမီးငယ်များဖြစ်ပြီး မိသားစုကို စောင့်ရှာက်ရန် နှင့် အိမ်အလုပ်တို့ကို လုပ်ကိုင်ပေးရန် ကျောင်းထွက်လိုက်ရသည် ဟု ဆိုသည်။ ထိုင်းနိုင်ငံမှာ သက်ကြီးပိုင်းလူဦးရေ နှစ်ဆခန့် မြင့်တက်လာပြီး လုပ်ငန်းခွင် လုပ်သားအင်အား အလွန်လျော့နည်းလာခြင်းများရှိပြီး ဤပမာဏမှာ စိုးရိမ်ဖွယ်ရာ အနာဂတ်ကို ဦးတည်နေသည်။

လုပ်ငန်းခွင်အတွင်းဝင်ရောက်လာကြသည့် မပြောပလောက်သည့် လူငယ်များတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ ရှိနေသဖြင့် နိုင်ငံ့စီးပွားရေး ထိခိုက်နိုင်သည်။

လုပ်သားရှားပါလာမှုကြောင့် ကုမ္ပဏီများအနေဖြင့် စီးပွားရေးလုပ်ငန်းများလည်ပတ်ရန် သို့ လိုအပ်ချက်များကို လိုက်မီစေရန် အလုပ်သမားများကို ခက်ခဲစွာ ရှာဖွေနေကြရသည်။ များစွာသော နိုင်ငံခြား ကုမ္ပဏီများမှာ လုပ်အားခ သိသိသာသာလျော့နည်းပြီး လူငယ်အလုပ်သမား ပေါများသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို ပြောင်းရွေ့သွားကြသည်။

စိုးရိမ်ဖွယ်ရာ လုပ်သားရှားပါးမှု ပြဿနာသည်ကား စက်ရုံများ သို့မဟုတ် စိုက်ပျိုးရေးကဏ္ဍကိုပါ ကူးစက်လာသည်။ ဟိုတယ်များမှာ ကိုဗစ်အလွန် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သော ဒေသခံများကို မရှာဖွေနိုင်သောအခါ ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း လုပ်သားရှားပါးမှုကို ကြားသိနေရသည်။

၂၀၁၉ ခုနှစ်တွင် ManpowerGroup က စီစဥ်သည့် လုပ်သားစျေးကွက်က ထိုင်းစီးပွားရေးလုပ်ငန်းများသည် အရောင်း၊ သတင်းနှင့် နည်းပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ စာရင်းကိုင် နှင့် ကုန်ထုတ်လုပ်ခြင်း အလုပ်အကိုင်တို့အတွက် လိုအပ်သည့် လုပ်သားများကို ခက်ခက်ခဲခဲရှာဖွေနေရသည် ကို ပြသနေသည်။ ထိုအလုပ်များကို နိုင်ငံခြားသားများကို အစားထိုး ဖြည့်ဖို့ကလည်း ဘာသာစကားလိုအပ်ချက်များရှိကာ လစာမြင့်မားပြီး အရည်အချင်းပြည့်သည့် လုပ်သားများကို ခေါ်ယူသော စင်ကာပူတို့လို နေရာများနှင့် ယှဥ်ပြိုင်နိုင်မှု မရှိခြင်းကြောင့် ပိုမိုခက်ခဲသည်။ စီးပွားရေးလုပ်ငန်းများ လုပ်သားလိုအပ်မှုတို့ကို ကြိုးစားဖြည့်နေရသည့်အခါ တိုးတက်ဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးမှုတို့ကို အနှောင့်အယှက်ပေးလာတော့သည်။

နိုင်ငံ၏ လူငယ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ဖြစ်နေသနည်း ဆိုသည့်မေးခွန်းအတွက် အစိုးရနှင့် လုပ်သားရေးရာ ဝန်ကြီးဌာနတို့က ဤပြဿနာများကို သိရှိပြီးသားဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အထင်ကြီးလောက်စရာ ရလာဒ်များ မရှိဘဲ လုပ်ငန်းဆိုင်ရာ သင်တန်းများအတွက် ငွေအမြောက်အမြား သုံးစွဲခဲ့သည် ဆိုသည့် အချက်ကို ဖော်ပြရန် လိုအပ်ပါသည်။

ဥပမာအားဖြင့် ဗဟိုအစိုးရမှ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် အကြာက ဆယ်ကျော်သက်များကို သက်မွေးဝမ်းကျောင်း ကောလိပ်များတွင် တက်ရောက်ကြရန် တိုက်တွန်း ကြိုးပမ်းမှုက သက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများ၊ ပညာသင်ထောက်ပံ့ခြင်းများ မရှိခြင်း သို့မဟုတ် ကျောင်းများ နှင့် ကျောင်းသားများ နှစ်ခုစလုံးကို မဆွဲဆောင်နိုင်ခြင်း တို့ကြောင့် ပြည်သူများက ဘက်လိုက်မှုများနှင့် လောက်သာ ပြီးဆုံးသွားခဲ့ရသည်။

အကြီးမားဆုံး ပြဿနာမှာ ဗဟိုအစိုးရက အလုပ်သင် သင်တန်းများအတွက် အဖြေတစ်ခုက မေးခွန်းအားလုံးကို ဖြေနိုင်သည် ဆိုသော ဖြေရှင်းချက်မျိုးကို သာ လုပ်လေ့ရှိခြင်းပင် ဖြစ်သည်။ ဤမူဝါဒအောက်တွင် အစိုးရက အလုပ်သင် သင်တန်းများပေးအပ်ရန် အေဂျင်စီအမျိုးမျိုးအတွက် ငွေကြေးသုံးစွဲခွင့် ပြုထားသည်။ ဗဟိုအစိုးရအနေဖြင့် ဤပြဿနာကို နားမလည်သောကြောင့် ပြဿနာများ ပိုမိုများပြားလာသည်။

NEETs အဆင့်သတ်မှတ်ခံထားရသည့် လူငယ်အုပ်စုထဲမှ တချို့တွင် မည်သည့်ပညာကိုမှ သင်ယူထားခြင်းမျိုးမရှိဘဲ တစ်ချို့မှာလည်း လုပ်ငန်းခွင်က လိုအပ်သည့် အရည်အချင်း တိတိပပ မရှိပေ။ တခြားသော တခြားသူများမှာ လုပ်ငန်းခွင်နှင့် ဆိုင်သည့် ဗဟုသုတ ရှိကောင်း ရှိနိုင်သော်လည်း မိမိနှင့် လိုက်ဖက်မည့် မှန်ကန်သော လုပ်ငန်းခွင်မျိုးကို မရှာဖွေနိုင်ကြပေ။

အစိုးရမှ ချက်ချင်းလုပ်နိုင်သည့် အရာတချို့မှာ ခရိုင်နှင့် ဒေသအဆင့်တွင် အကြွေးစနစ်ဖြင့် သက်မွေးဝမ်းကျောင်း သင်တန်းများ သို့ သက်မွေးဝမ်းကျောင်း ကောလိပ်များတက်စေရန် ငွေကြေးထောက်ပံ့ပေးခြင်းပင် ဖြစ်သည်။ ပညာရေးနှင့် သင်တန်းများမှာ အွန်လိုင်းပေါ်ကို ရောက်ရှိသွားသည့် အတွက်ကြောင့် အစိုးရအနေဖြင့် အရည်အသွေးပြည့်မှီသည့် အွန်လိုင် သင်တန်းများကို အခမဲ့ စီစဥ်ပေးသင့်ပြီး လူငယ်အလုပ်သမားများအတွက် အလုပ်ရှာဖွေခြင်းနိုင်မည့် အခြေအနေမျိုးကို ဖန်တီးပေးသင့်သည်။

နောက်ထပ် အစိုးရလုပ်ဆောင်ရန် လိုအပ်သည့် အချက်တစ်ခုမှာ အလုပ်ရှာဖွေသူလူငယ်များကို ငှားရမ်းရန် ကုမ္ပဏီများကို ငွေကြေးထောက်ပံ့ကာ မက်လုံးပေး ဆွဲဆောင်ခြင်းပင်ဖြစ်သည်။

လူငယ်တစ်ချို့မှာ ပညာတတ်သော်လည်း အလုပ်ကို စိတ်ဝင်တစား မရှိကြပေ။ ဤအုပ်စုအတွက် အစိုးရအနေဖြင့် သူတို့၏ အရည်အချင်း၊ အလားအလာ ကို သိလာကြစေရန် ကူညီမည့် မတူညီသည့် ချဥ်းကပ်နည်းကို ရှာဖွေရန်ပင်ဖြစ်သည်။ အစိုးရထောက်ပံ့ငွေများပေးကာ မက်လုံးပေး ဆွဲဆောင်ခြင်း၊ အလုပ်သမား ဥပဒေနှင့်စည်းကမ်းသတ်မှတ်ချက်များကို တိုးတက်အောင် လုပ်ဆောင်ပြီး လုပ်ငန်းခွင်အဆင့်အတန်း မြင့်မားအောင် ကြိုးပမ်းခြင်း၊ စာသင်ကျောင်း၊ ကောလိပ်ကျောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများတွင် ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။

သေချာသည်က ဤအရာများမှာ နေ့ချင်းညချင်း မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် အစိုးရအနေဖြင့် နှစ် ၂၀ အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၇) အတွက် အဓိကလုပ်ဆောင်ရမည့် အရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ရန် လိုအပ်သည်။

ပိုမို အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်လုပ်သားများဖြင့် ပြည့်နေသော လုပ်ငန်းခွင်အတွက် ပညာရေးအရည်အသွေး တိုးတက်အောင် လုပ်ဆောင်သင့်ပါသည်။ လုပ်ဆောင်နိုင်သည့် အခြေအနေတချို့တွင် ပညာသင်ဆု အရည်အတွက်များကို တိုးမြှင့်ပေးခြင်း၊ ကျေးလက်ဒေသများတွင် ကျောင်းပညာရေး လက်လှမ်းမီနိုင်ရန် တိုးတက်အောင် လုပ်ဆောင်ခြင်း တို့ပါဝင်မည် ဖြစ်သည်။ ဤလုပ်ဆောင်ချက်များမှာ လက်ရှိ NEETs အုပ်စုဝင် မျိုးဆက်ကို အကျိုးပြုနိုင်မည် အနေအထားမရှိသေးသော်လည်း အလွန်ချီးကျူးစရာ ကောင်းသည့် ရေရှည် ဖြေရှင်ချက်များပင် ဖြစ်ပါသည်။

နိုင်ငံရေး ပါတီအများစုမှာ အလုပ်အကိုင်များ ဖန်တီးပေးပြီး ၊ နေ့စားခ၊ လစာများတိုးပေးသွားမည်ဟု ကတိပြုနေကြသည်။ သို့သော်လည်း ဖြေရှင်းချက်မှာ ငွေများများရရန် အားထုတ်ခြင်းထက် ပို၍အရေးကြီးပါသည်။ NEETs အုပ်စုဝင် လူငယ်များရှိနေခြင်းက အခွင့်အလမ်းများ ဆုံးရှုံးနေသည်ကို ပြသနေသည်။ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဝင်ငွေ၊ လစာငွေများကို တိုးမြှင့်ပေးခြင်း၊ လူငယ်အလုပ်သမားများကို ငှားရမ်းရန် စီးပွားရေးလုပ်ငန်းများကို အားပေးပြီး အခွန်ကိစ္စများကို လုပ်ဆောင်ခြင်းတို့ဖြင့် နောက်လာမည့် အစိုးရအဖွဲ့၏ မူဝါဒချမှတ်သူများအနေဖြင့် ဤပြဿနာများကို တင်ပြရန် လိုအပ်ပါသည်။

အရေးကြီးဆုံးက အစိုးရအနေဖြင့် အလုပ်သမား ဥပဒေများကို မျှတအောင် လုပ်ရန်၊ လက်ဝါးကြီးအုပ်သူများကို ဖယ်ရှားရန် ၊ တရားမျှတပြီး၊ အားလုံးပါဝင်ကာ စိတ်အားတက်ကြွစွာဖြင့် လုပ်နိုင်မည့် လုပ်ငန်းခွင်မျိုးကို ဖန်တီးရမည်ပင် ဖြစ်ပါသည်။

Source-Bangkok Post/Editorial

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ