Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ရခိုင်သား ၁ ဦး ဆိုင်ကယ်တိုက်ခံရ၍ ဆေးရုံတင်ထားရ၊ ဆေးကုသရန် ငွေကြေးအကူအညီလိုအပ်နေ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်ပြည်မှ အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်တိုက်ခံရပြီး ဒဏ်ရာများပြင်းထန်စွာရရှိသွားသောကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကာ ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

ဒဏ်ရာရသူမှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရောင်စုံကျေးရွာမှ ကိုကံလှမောင် ဖြစ်ပြီး ထိုင်းနိုင်ငံ ၊ ပထုန်ဌာနီတွင်နေထိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

ကိုကံလှမောင်မှာ အလုပ်မှအပြန် လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်စီးလာသည့် ထိုင်းအမျိုးသားတစ်ဦးက ဝင်တိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်ကုသနေရသည်မှာ ၈ ရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ၎င်းကို ပထုန်ဌာနီရှိ ဆေးရုံတွင် ဆေးရုံတင်ထားကြောင်း သိရသည်။

“ဆေးရုံရောက်နေတာတော့ ၈ ရက်လောက်ရှိပါပြီတဲ့။ ပထုန်ဌာနီမှာပဲ ဆေးရုံတင်ထားရပါတယ်။ ဆေးကုသဖို့လည်း စရိတ်လည်း မရှိပါဘူး။ ဟု ၎င်းနဲ့ နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းကို အရေးပေါ်ခွဲစိပ်ကုသရန်အတွက် ငွေကြေးအကူအညီ လိုအပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ