သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး

AB News – ဇူလိုင် ၂၃၊ ၂၀၂၅
ချန်ဒြာ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင် ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က ပထုန်ဌာနီမြို့၊ ဘန်ခယိုင်ရပ်ကွက်၊ ဝပ်တလတ်တိုက်ဘုန်းကြီးကျောင်းရှေ့ရှိ တာတမံဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ အသက် ၂၀ အရွယ် အောင်မင်းထက် နှင့် အသက် ၄၂ နှစ်အရွယ် နိုင်ဦး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် တာတမံတွင် ဝိုင်ယာကြိုးဆက်နေစဉ် တစ်ဦးမှာ ရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး နောက်တစ်ဦးမှာ ရေစပ်အနီးတွင် လဲကျကာ သတိမေ့နေခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းခွင်အတွင်းရှိ အခြားလုပ်သားများက ၎င်းတို့နှစ်ဦးကို ကယ်ဆယ်ကာ ကယ်ဆယ်ရေးအဖွဲ့များကို ဆက်သွယ်ခဲ့ကြသည်။

ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုခဲ့သော်လည်း နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦး၏ ခန္ဓာကိုယ်တွင် အခြားဒဏ်ရာများ မတွေ့ရဘဲ၊ အလုပ်ရှင်ကို ခေါ်ယူ၍ လုပ်ငန်းခွင်အတွင်း ချို့ယွင်းချက်များကို စစ်ဆေးလျက်ရှိကြောင်း သတင်းတွင် သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ