Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ဗင်ကားတိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ ၁၁ ဦးသေဆုံး

ABN – သူရမောင်

ထိုင်းနိုင်ငံ ခိုရတ်တွင် စနေနေ့က ခရီးသည်တင် ဗင်ကားတစ်စီး တိမ်းမှောက်သွားသည့်အတွက်ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် လူ ၁၁ ဦးသေဆုံးသွားကြောင်း ထိုင်းရဲများက ယနေ့ တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဗင်ကားမှာ အနမ့်ခရိုအရှေ့မြောက်ပိုင်းမှ ခရီးသည် ၁၂ ဦးတင်ဆောင်လာစဉ် Nakhon Ratchasima ဒေသအလယ်ပိုင်းအရောက် အဝေးပြေးလမ်းတွင် တိမ်းမှောက်သွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“လူတစ်ယောက်က ပြတင်းပေါက်က ထွက်ဖို့ကြိုးစားခဲ့တဲ့ပုံပေါက်ပါတယ်၊ ဒါပေမဲ့ တခြားသူတွေနဲ့ ရောနှောသွားတော့ အကုန်လုံးက ပေါက်ကွဲမှုမှာ ပါသွားတာပါ” ဟု Yingyosက AFP သတင်းကို ပြောခဲ့သည်။

အသက်ရှင် ကျန်ရစ်ခဲ့သူ အသက် ၂၀ အရွယ် Thanachit Kingkaewက သူက အိပ်ပျော်နေခဲ့ကြောင်း၊ လူတစ်ဦး၏ အော်နှိုးသံကို ကြားမှ နိုးလာခဲ့ကြောင်း ပြောခဲ့သည်။

“ကျွန်တော်နိုးလာပြီး သိလိုက်တာက ကားတစ်စီးလုံးက ဗြောင်းပြန်ကြီးဖြစ်နေတာပါ၊ ဘာဖြစ်ခဲ့လဲဆိုတာကိုတောင် ကျွန်တော်မသိလိုက်ပါဘူး၊ ကားတိမ်းမှောက်ပြီးတော့ ကားနောက်ပိုင်းကစပြီး မီးစလောင်တာပါ၊ ပြီးတော့ တစ်စီးလုံးလောင်သွားခဲ့တာပါ၊ ကျွန်တော် ကားပြတင်းပေါက်ကို ကန်ကျောက်ပြီး ဖွင့်ပြီးတော့ အပေါက်ကျဉ်းကျဉ်းလေးထဲက ထွက်လာခဲ့တာပါ၊ ပြီးတော့ မကြာလိုက်ပါဘူး၊ ကားတစ်စီးလုံး ပေါက်ကွဲသွားခဲ့ပါတယ်” ဟု ပြောသည်။

ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့မှ Nikhom Seaunက တစ်စီးလုံးမီးလောင်သွားခဲ့ပြီးနောက်မှ ပေါက်ကွဲခဲ့ကြောင်း ပြောသည်။

“ကျွတော့်မှာရှိတဲ့ မီးသတ်ဆေးဘူးတွေနဲ့ မီးငြိမ်းခဲ့ပါသေးတယ်၊ ဒါပေမဲ့ အသုံးမဝင်ခဲ့ပါဘူး၊ ပြီးတော့ ကားက ၄ ခါတောင် ထပေါက်ခဲ့တာပါ” ဟု ပြောသည်။

ရဲတပ်ကြပ် Yingyosက ကားက လောင်စာနှစ်မျိုးသုံးသည့်အတွက်ကြောင့် ဓာတ်ငွေ့များကို ဖိသိပ်ထားသကဲ့သို့ဖြစ်သွားကြောင်းပြောခဲ့သော်လည်း သတင်းဖော်ပြချက်များတွင် ကားတွင် ဓာတ်ဆီယိုစိမ့်မှု တစုံတရာမရှိကြောင်း ဖော်ပြထားသည်။

“လောင်စာဆီကြောင့် မီးလောင်မှုဖြစ်တာလို့ ကျွန်တော်တို့ထင်ပါတယ်၊ နောက်ထပ်စစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတုန်းပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ စနေ၊ တနင်္ဂနွေကဲ့သို့သော အားလပ်ရက်များတွင် ပိုမိုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုင်းတွင် ဗင်ကားတိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ ၁၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ