Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ပွဲစား ၃ ဦးအပါအဝင် တရားမဝင် မြန်မာရွေ့ပြောင်း လုပ်သား ၁၄ ဦးနှင့် ကလေး ၅ ဦးဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၉ ဦးအပါအဝင် လိုက်ပို့သူ ပွဲစား ၃ ဦးကို ဖမ်းဆီးရမိကြောင်း ဒေသသတင်းဌာန Maessaipress မှ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဖမ်းခံရသူများမှာ မြန်မာရွေ့ပြောင်းလုပ်သား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး၊ သူတို့၏ ကလေးငယ် ၅ ဦးနှင့် မြန်မာပွဲစား ၃ ဦးတို့ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဘက်သို့ အလုပ်လုပ်ရန် ကား၃စီနှင့် သွားခြင်းဖြစ်ပြီး ချင်းရိုင်ခရိုင် ၊မောင်မြို့၊ မဲခေါင့်သုံးကျေးရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မြန်မာလုပ်သား ၁၉ ဦးနှင့် ကေလး ၅ ဦးအပါအဝင် ပွဲစား ၃ ဦးပါသည့် ကားကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ ချင်းရိုင်ခရိုင် လူဝင်ကြီးကြပ်ရေးဌာန ထောက်လှန်းရေးမှ သတင်းပေးပို့သဖြင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သားများမှာ မြန်မာနိုင်ငံ မည်သည့်ဒေသမှ လာရောက်ကြောင်းကို မသိရသေးပေ။ လတ်တလောတွင် ၎င်းတို့အား ဘန့်ဒူရဲစခန်းတွင် ထိမ်းသိန်းထားပြီး ဥပေဒအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဖြတ်ကျော်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦးအပါအဝင် လမ်းပြ ထိုင်း ၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဘန်နိုင့်ခရိုင်တွင် ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ