Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ကားတိမ်းမှောက်မှုကြောင့် မြန်မာ ၁၀ ဦးနှင့် ထိုင်း ၂ ဦးထိခိုက်ဒဏ်ရာရ

အင်္ဂါနေ့ အစောပိုင်းက ဘတ်ဟိုင်ခရိုင်တွင် ကားတိမ်းမှောက်မှုကြောင့် တရားမဝင်ရွှေ့ပြောင်းမြန်မာ လုပ်သား ၁၀ ဦးအပါဝင် ထိုင်းသက်ကြီးပိုင်းအရွယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

တိမ်းမှောက်ခဲ့သည့်ကားမှာ ဒီဇင်ဘာလ ၅ ရက် အင်္ဂါနေ့ အစောပိုင်း နံနက် ၆ နာရီခန့်က ဘတ်ဟိုင်ခရိုင် ထဒင်ဒေါင်မြို့ မူအိုက်ရွာ အနီး ဘတ်ဟိုင်စီနလမ်းကွေ့တွင် အရှိန်ဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြပါရှိသည်။

လမ်းဘေး၌ ဘုန်းတော်ကြီးများ ကို ဆွပ်းကပ်ရန် စောင်းဆိုင်းနေသော သက်ကြီးရွယ်အို တစ်စုကို ၎င်းက ဝင်တိုက်ခဲ့သောကြောင့် သက်ကြီးရွယ်အို ၂ ဦး မှာ ဒဏ်ရာရရှိခဲ့ကြောင့် ဖြစ်သည်။

ရဟန်းများအား ဆွမ်းလောင်းရန် လမ်းဘေးတွင် ရပ်စောင့်နေသည့် ထိုင်းအသက်ကြီးအရွယ် ၂ ဦးမှာလည်း တိမ်းမှောက်သည့်ကားဖြင့် ဝင်တိုက်၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကလေးငယ်များအပါအဝင် ကားတွင်ပါလာသည့် မြန်မာအလုပ်သမား ၂၄ ဦးထဲမှ ၁၀ ဦးမှာ ထိုခိုက်ဒဏ်ရာများ ရခဲ့ကြပြီး ၎င်းတို့အား ဘတ်ဟိုင်ဆေးရုံတွင် ဆေးကုသမှုခံရန် ပို့ထားကြောင်း သိရသည်။

ကျန်သည့် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သား ၁၄ ဦးအား ဘတ်ဟိုင်ခရိုင် ရဲစခန်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံမြောက်ပိုင်းးတာ့ပြည်နယ် နယ်စပ်မှ ထိုင်းနိုင်ငံသို့ ခိုးဝင်လာကြသည့် သူများဖြစ်ကြောင်း ထိုင်းရဲများကို ဝန်ခံခဲ့ပြီး ကားဖြင့် ဘန်ကောက်မြို့သို့ သွားရောက်စဥ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ