
AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆
ထိုင်းနိုင်ငံ တောင်ပိုင်း ပါတနီမြို့တွင် ရက္ခိုင်အချင်းချင်း ထိုင်းဘတ်ငွေ ၇ သောင်းကျော်ခန့် လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း နစ်နာသူများက ပြောသည်။
မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဦးမောင်စိုးနှင့် ချောင်းသစ်ကျေးရွာမှ ဦးလှချေတို့နှစ်ဦးသည် ဒေါ်မသန်းဌေးထံမှ ဘတ်ငွေ ၇ သောင်းကျော်ခန့် ( မြန်မာငွေ သိန်း ၁၀၀ ခန့်)ကို လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း ဆိုသည်။
ဖြစ်စဥ်မှာ ငါးဖမ်းလှေတွင် လုပ်ကိုင်ရန်အတွက် အလုပ်ရှင်ထံမှ ထုတ်ပေးထားသည့် စရံငွေကိုယူကာ ငါးဖမ်းထွက်မည့်ရက်(ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်)မတိုင်မီ အဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ငါးဖမ်းလှေတာဝန်ခံ ဒေါ်မသန်းဌေးက ပြောသည်။
ထို့ကြောင့် ငါးဖမ်းလှေတာဝန်ခံ ဒေါ်မသန်းဌေးမှာ လက်ရှိတွင် အလုပ်ရှင်ကို ဘတ်ငွေ ၇ သောင်းခန့် လျော်ကြေးငွေပြန်ပေးရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
အဆိုပါလိမ်လည်မှုအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးသူများကို နစ်နာသူဘက်မှ တောင်းဆိုထားကြောင်းသိရသည်။
ပုံ – လူမှုကွန်ရက်
#AB_News #ထိုင်း #ငွေလိမ်လည်မှု #ရက္ခိုင်အချင်းချင်း