သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းရောင်းချခဲ့သည့် အမေရိကန် စစ်ဘက်ကုမ္ပဏီ ၁၃ ခုကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့မည်ဟုပြော

AB News-ဒီဇင်ဘာ ၆၊၂၀၂၄

အမေရိကန်နိုင်ငံမှ ထိုင်ဝမ်ကိုစစ်လက်နက်ပစ္စည်းများရောင်းချခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေနှင့် အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်ဟု Reutersသတင်းဌာနတွင်ဖော်ပြထားသည်။

အမေရိကန်က ထိုင်ဝမ်ကို F-16 တိုက်လေယာဉ်များအပါအဝင် ရေဒါများအတွက် အထောက်အကူများနှင့် အပိုပစ္စည်း ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းမည့်ကိစ္စကို အမေရိကန်က အတည်ပြုခဲ့သည့်အပေါ် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်သည့်အနေဖြင့် ယခုလို ဒဏ်ခတ် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းကို ၎င်းတို့ပိုင် နယ်မြေအဖြစ်သတ်မှတ်ထားပြီး၊ ထိုင်ဝမ်သမ္မတကိုလည်း အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတယောက်အဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများနှင့် ဆက်ဆံခြင်း အားလုံးကိုလည်း ဆန့်ကျင်ကန့်ကွက်သည်ဟု ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ပစ်မှတ်ထားပြီး အရေးယူလိုက်သည့်ကုမ္ပဏီများမှာ Teledyne Brown၊ Engineering Inc၊ BRINC Drones Inc နှင့် Shield AI Inc တို့ပါဝင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် တရုတ်နိုင်ငံမှာရှိသော Raytheon, BAE Systems, United Technologies အပါအဝင် အမေရိကန်ကုမ္ပဏီ ၅ခုက အမှုဆောင် ၅ ယောက် ၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ၎င်းတို့ကိုလည်း တရုတ်နိုင်ငံထဲသို့ဝင်ခွင့် ပိတ်ဆို့သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ယင်းအပြင် တရုတ်နိုင်ငံက အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းကိုလည်း ထိုကုမ္ပဏီများနှင့် မဆက်ဆံရဟု တားမြစ်လိုက်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်