Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုးရီးယားနှင့် ဂျပန်တွင် တရုတ်ကို ဗီဇာထုတ်ပေးမှုဆိုင်းငံ့

ABN – ခိုင်ထွန်း

တရုတ်နိုင်ငံမှ ခရီးသူများအတွက် ကိုဗစ်ရှိ/မရှိစမ်းသပ်ရန် လိုအပ်သည့်နိုင်ငံများအပေါ် တုန့်ပြန်မှုများလုပ်ဆောင်သွားမည်ဟုကြေငြာပြီးနောက် အင်္ဂါနေ့က တောင်ကိုးရီးယားနှင့် ဂျပန်တွင် တရုတ်ကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

ကိုဗစ်ကန့်သတ်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုအပြီး တရုတ်သည် ဒီဇင်ဘာလအစောပိုင်းမှစ၍ တစတစဖြေလျော့လာခဲ့သည့် အစိုးရ၏ ကိုဗစ်လုံးဝပပျောက်ရေးစနစ်၏ အဓိကကန့်သတ်ချက်များကို ဖြေလျော့ပေးခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗီဇာရရှိထားသူများနှင့် ဟောင်ကောင်နယ်စပ်ဖြတ်ကျော်သွားလာခွင့်ရရှိသူများအတွက် မဖြစ်မနေ တရုတ်က ပယ်ဖျက်ပေးခဲ့သည်။

ကမ္ဘာ့လူဦးရေ ၁.၄ ဘီလီယံခန့်သည် ကိုဗစ်ကူးစက်မှုခံနေရသည့်အတွက်ကြောင့် တောင်ကိုးရီးယား၊ ဂျပန်နှင့် အမေရိကန်အပါအဝင် နိုင်ငံအများအပြားက တရုတ်ခရီးသွားလာသူများအတွက် ကိုဗစ်စမ်းသပ်မှုကို လိုအပ်နေကြသည်။ တရုတ်တွင်လည်း အလားတူစမ်းသပ်မှုမျိုးကို နိုင်ငံခြားသားခရီးသွားများအတွက် ချမှတ်ထားရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က တရုတ်မှခရီးသွားလာသူများကို နိုင်ငံဝင်ရောက်ခွင့်ကန့်သတ်မှုသည် ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး တရုတ်အနေဖြင့် တုံပြန်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါနေ့တွင်ပင် နိုင်ငံဝင်ရောက်ခွင့်ကန့်သတ်မှုအတွက် ပထမဆုံးလက်တုန့်ပြန်သည့်အနေဖြင့် တောင်ကိုးရီးယားရှိ တရုတ်သံရုံးမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။ တောင်ကိုးရီးယား၏ တရုတ်အပေါ် ဝင်ရောက်ခွင့်ကန့်သတ်မှု ခွဲခြားဆက်ဆံမှုများကို ပြောင်းလဲမည့် နိုင်ငံရေးမူဝါဒတစ်ရပ်ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သံရုံး၏တရားဝင် We Chat အကောင့်တွင် ဖော်ပြထားသည်။

အလားတူ ဂျပန်တွင်လည်း ဗီဇာထုတ်ပေးမှုကို ရပ်နားကြောင်း တရုတ်ကောင်စစ်ဝန်ရုံးမှ ကြေညာခဲ့ပြီး ပြန်လည်ထုတ်ပေးမည့်အချိန်ကို ထုတ်ပြန်ထားခြင်းမရှိပေ။ အဆိုပါထုတ်ပြန်ချက်သည် တရုတ်မှတိုက်ရိုက်လာသော ခရီးသွားများအတွက် ဂျပန်၏ကိုဗစ်စည်းမျဉ်းများ တင်းကြပ်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဂျပန်သည် တရုတ်မှမထွက်ခွာမီ ၇၂ နာရီ ထက်နည်းသည့် PCR ကိုဗစ်လက္ခဏာစမ်းသတ်မှု ပြလုပ်ပြီး ဂျပန်သို့ရောက်ရှိချိန်တွင်လည်း နောက်ထပ်ကိုဗစ်စစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားထားခဲ့သည်။

တရုတ်သည် ကိုဗစ်ဖြစ်ပွားနှုန်းကျဆင်းပြီးနောက် နေ့စဉ်ကူးစက်မှုစာရင်းထုတ်ပြန်မှုကို ရပ်တန့်ခဲ့ပြီး တစ်ရက်လျှင် ၅ ဦးထက်မနည်းသည့် သေဆုံးမှုစာရင်းကိုသာထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ပါ သေဆုံးမှုအရေအတွက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) နှင့် အသုဘစီစဉ်သူတို၏ အစီရင်ခံချက်တို့ဖြင့် ကွဲလွဲနေပြီး အငြင်းပွားဖယ်ရာဖြစ်နေပေသည်။

နိုင်ငံတကာကျွမ်းကျင်သူများက တရုတ်တွင် ယခုနှစ်အတွင်း ကိုဗစ်ကြောင့် အနည်းဆုံး လူ ၁ သန်းခန့်သေဆုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုကြောင့် တရုတ်၏သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုအပေါ် နိုင်ငံတကာအစိုးရအချို စိုးရိမ်ပူပန် နေကြသည်။ အမေရိကန်ကလည်း အနာဂါတ်တွင် ကိုဗစ်၏ဗီဇပြောင်းလဲမှုကို စိုးရိမ်နေပေသည်။

ကိုဗစ်ရောဂါကိုင်တွယ်ထိန်းချုပ်ရာ၌ အောင်မြင်ခြင်းသည် နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုသာဖြစ်သည် ဟူသည့် ဝေဖန်ချက်ကို တရုတ်ကပယ်ချလိုက်ပြီးနောက် ဗီဇပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် ကိုဗစ်မျိုးကွဲသည် ကူးစက်လွယ်သော်လည်း အသက်ဆုံးရှုံးမှုနည်းပါးနိုင်သည်ဟု ပြောဆိုခဲ့သည်။

ရောဂါဖြစ်ပွားချိန်အတောအတွင်း တရုတ်သည် ပွင့်လင်းမြင်သာမှုရှိပြီး ကန့်သတ်ထားမှုများမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang ကထပ်လောင်း ပြောကြားခဲ့သည်။

သို့ပေမယ့် တရုတ်ကုန်းတွင်းပိုင်းဒေသရှိ ကျေးလက်ဒေသများတွင် ရောဂါဖြစ်ပွားနှုန်းမြင့်တက်နေကြပြီး ရောဂါလက္ခဏာအလွယ်တကူစစ်ဆေးရန်အတွက် အခက်တွေ့နေကြသည်။

Reuters သတင်းဌာနမှ ၂၀၂၃ ခု ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့သည့် China suspends issuing visas in Japan and South Korea သတင်းဆောင်းပါးကို ABN သတင်းဌာနမှ ခိုင်ထွန်း ဘာသာပြန်သည်။

တောင်ကိုးရီးယားနှင့် ဂျပန်တွင် တရုတ်ကို ဗီဇာထုတ်ပေးမှုဆိုင်းငံ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ