AB News – ဒီဇင်ဘာ ၄ ၊ ၂၀၂၄
တောင်ကိုးရီးယားတွင် သမ္မတ ယွန်းဆွတ်ယို (Yoon Suk Yeol)က ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညနေပိုင်းအချိန်တွင် မာရှယ်လော (စစ်အုပ်ချုပ်ရေး ) ကျင့်သုံးပြီးဟု ကြေညာခဲ့သည့်အတွက် ပြည်သူလူထုများက ယနေ့ နံနက်ပိုင်းတွင် ယွန်းဆွတ်ယိုအား သမ္မတရာထူးမှ နှုတ်ထွက်ပေးရေးအတွက် အမျိုးသားလွတ်တော်ရှေ့၌ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
သမ္မတယွန်းဆွတ်ယိုသည် မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကျင့်သုံးပြီဟု ယမန်နေ့ ၊ ဒီဇင်ဘာလ ၃ ရက်၊ ညနေပိုင်းအချိန် ရုပ်သံမိန့်ခွန်းတွင် ရုတ်တရက် ကြေညာခဲ့ခြင်းဖြစ်သည်။
သမ္မတယွန်းဆွတ်ယို စစ်အုပ်ချုပ်ရေးကြေညာရသည့် အကြောင်းရင်းမှာ မြောက်ကိုးရီးယားကိုလိုလားသည့် အတိုက်အခံပါတီက ဒီမိုကရေစီ စနစ်ကိုဖျက်စီးပြီး ပုန်ကန်ဖို့ကြိုးစားနေသည့်အတွက်ကြောင့် ဟုဆိုသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီး များမကြာမီအချိန်တွင် လွှတ်တော်အမတ်များက သမ္မတအမိန့်ကို ဆန့်ကျင်သည့်အနေဖြင့် တားမြစ်သည့်မဲပေးမှုများပြုလုပ်ခဲ့ကြသည်။ လွှတ်တော်အမတ်များ၏ မဲခွဲဆုံးဖြတ်မှုကြောင့် သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်မှာပျက်ပြားခဲ့ရသည်။
ထိုကဲ့သို့သော လွှတ်တော်အမတ်များ၏ မဲခွဲဝေဆုံးဖြတ်မှုများကြောင့် သမ္မတ၏ မာရှယ်လော (စစ်အုပ်ချုပ်ရေး) အမိန့်မှာ ၂၄ နာရီမပြည့်မည် ပျက်ပြယ်သွားခဲ့ရသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ နံနက်ပိုင်းအချိန်တွင်လည်း ပြည်သူလူထုများနှင့် လွှတ်တော်အမတ်များက သမ္မတယွန်းဆွတ်ယိုအား ရာထူးကနေနုတ်ထွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
လွှတ်တော်အမတ်များက သမ္မတယွန်းဆွတ်ယိုအား ရာထူးမှနှုတ်ထွက်ပေးကြရန် တောင်းဆိုခဲ့ကြသည့်အတွက် တောင်ကိုးရီးယားနိုင်ငံတွင် သမ္မတအပြောင်းအလဲများဖြစ်ပေါ်လာနိုင်ခြေရှိသည်။