Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုးရီးယားနိုင်ငံတွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၂ ယောက်သေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေ

ABN-နွယ်စိုး

ဇူလိုင် ၁၆ ရက်

တောင်ကိုးရီးနိုင်ငံရှိ Cheongjuမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ရေကာတာတခုလည်း ရေလျှံခဲ့ကာ လူ ၂၂ ယောက်သေဆုံးခဲ့၍ ၁၄ ယောက်ပျောက်ဆုံးနေကြောင်း ယမန်နေ့က တောင်ကိုးရီးယားအစိုးရက ပြောကြားခဲ့သည်။

ထိုဖြစ်စဥ်များကြောင့် စနေနေ့ ည ၆ နာရီအထိ နိုင်ငံတဝန်း ကယ်ဆယ်ခဲ့ရသူ ၄၇၀၀ ကျော် ရှိခဲ့သည်ဟု တောင်ကိုးရီးယား ပြည်တွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး လူပေါင်း ၇ ထောင်ကျော်ကိုလည်း ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြရန်အာဏာပိုင်များ အမိန့်ထုတ်ထားသည်။

ထို့အပြင် နောက်ထပ်လည်း မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားသည့်အတွက်ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရန် အာဏာပိုင်များက ပြောကြားထားသည်။

မိုးကြီး မြေပြိုမှုများကြောင့် မီးရထားလမ်းများပေါ်အထိ ရေလျှံခြင်းနှင့် ကျောက်တုံး ကျောက်ခဲများ ကျလာနိုင်ဖွယ်ရှိနေသည့်အတွက် ပုံမှန်ရထားပြေးဆွဲမှုအားလုံးနှင့် အချို့အမြန်ကျည်ဆံရထား ပြေးဆွဲမှုကို ရပ်ဆိုင်းထားကြောင်း ကိုးရီးယား မီးရထား ကော်ပိုရေးရှင်းက ကြေညာထားသည်။

ဝန်ကြီးချုပ် Han Duck-soo အနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် အစိုးရဌာနများနှင့် အစည်းအဝေး ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရာတွင်လည်း စစ်တပ်က တက်တက်ကြွကြွ ပါဝင်ကူညီရန်တောင်းဆိုခဲ့ပြီးလိုအပ်သောပစ္စည်းကိရိယာနှင့် လူအင်အားပေးနိုင်အောင် ပြင်ဆင်ထားရန် အစိုးရဌာနများကို ညွှန်ကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ