Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုးရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ ရာနှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

တောင်ကိုးရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ ရာနှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ABN-နွယ်စိုး

ဇွန် ၃၀ ရက်

တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှ Yeongjaမြို့၌ ယမန်နေ့ ကြာသပတေးနေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုတို့ကြောင့် အသက် တစ်နှစ်် အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ကာ ရာနှင့်ချီသော လူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ယနေ့ ဇွန်လ ၃၀ တွင် ပြောကြားထားသည်။

အဆိုပါ Yeongjaမြို့တွင် ကြာသပတေးနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့၍ ၂၈၄ မီလီမီတာကျော်ရှိသည့် မိုးသုန်လေ မုန်တိုင်းဒဏ်ကို ခံခဲ့ရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ အာဏာပိုင်များက ကားအစီး ၄၀ ကျော်နှင့် မီးသတ်သမား ၁၁၀ တို့အား အကူအညီပေးရန် စေလွှတ်ခဲ့ပြီး နေအိမ်ရှိ လူ ၉ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု ပြောကြားထားသည်။

ထို့အပြင် Jejaကျွန်းအပါအဝင် တောင်းပိုင်းရှိ အခြားသောနေရာများတွင်လည်း စနေနေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု သဘာဝဘေးအရာရှိများက သတိပေးထုတ်ပြန်ထားပြီး အာဏာပိုင်များက လူပေါင်း ၃၅၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း တောင်ကိုရီးယားနိုင်ငံ၏ ဆိုးလ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ကာ မြေအောက်ရထားများနှင့် လူနေအိမ်များ ပျက်စီးခဲ့၍ အနည်းဆုံးလူ ၈ ဦး သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ