Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုရီးယား မိုးမျှော်တိုက်ကို တက်ခဲ့တဲ့ ဗြိတိန်လူမျိုးတစ်ဦး အဖမ်းခံရ

တောင်ကိုရီးယား မိုးမျှော်တိုက်ကို တက်ခဲ့တဲ့ ဗြိတိန်လူမျိုးတစ်ဦး အဖမ်းခံရ

ABN – ဇွန်လ (၁၂) ရက် ၊ ၂၀၂၃

ကျော်ဇံ – ဘာသာပြန်ဆိုသည်

တင်္နလာနေ့တွင် ဗြိတိသျှအမျိုးသားတစ်ဦးသည် ငါးခုမြောက် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတစ်ခုကို ကြိုးမပါပဲ တက်ရောက်ရန် ကြိုးစားခဲ့ပြီး တောင်ကိုရီးယား အာဏာပိုင်များမှ သူတက်ရောက်နေသည့် လမ်းတစ်ဝက်ကျော်တွင် တားဆီးရန် ကြိုးစားခဲ့ကြသည်။ သူတက်ရောက်ခဲ့သည့် အဆောက်အဦမှာ တောင်ကိုရီးယား ဆိုးလ်မြို့တွင် တည်ရှိသည့် ၁၂၃ ထပ်မြင့်သည့် Lotte World Tower ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ၄င်းအမျိုးသားမှာ ဘောင်းဘီအတိုဝတ်ဆင်ထားပြီး အထင်ကရ အဆောက်အဦကို တက်ရောက်ပြီး တစ်နာရီကျော် ကြာပြီးနောက်တွင် ရဲများနှင့် မီးသတ်သမားများ အဆောက်အဦအောက်တွင် စုရုံးရောက်ရှိလာကြသည်။

အာဏာပိုင်များက သူ့ကို တားဆီးရန် ကြိုးစားပြီး အဆောက်အဦအတွင်းကို ဝင်ရောက်ခိုင်းသည့် အချိန်တွင် အထပ် ၇၃ ထပ်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်ဟု မီးသတ်ဌာနမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပြီး ရဲများက သူ့ကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးသွားကြသည် ဟု ဆိုသည်။

Chosun Ilbo သတင်းစာဌာနမှ ထိုအမျိုးသားမှာ George King-Thompson ဖြစ်သည်ဟု ဆိုထားပြီး ဗြိတိသျှမီဒီယာများမှ ထိုအမျိုးသားသည် ၂၀၁၉ ခုနှစ်တွင် လန်ဒန်ရှိ Shard အဆောက်အဦကို တက်ရောက်ခြင်းအတွက် အဖမ်းခံကာ အကျဥ်းကျ ခံခဲ့ရသည် ဟု ဆိုကြသည်။

၂၀၁၈ ခုနှစ်တွင် ရဲများက ပြင်သစ် စပိုင်ဒါမန်း ဟု တင်စားခေါ်ဝေါ်ကြသည့် Alain Robert ကို ဖမ်းဆီးခဲ့ကြပြီး သူသည် Lotte World Tower ၏ တစ်ဝက်ကျော်ကို တက်ရောက်ခဲ့သည်။

Ref – British man detained for climbing South Korean skyscraper

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ