သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုရီးယား တောမီးလောင်မှု လူ ၄ ဦးသေဆုံး၊ ၁၅၀၀ ကျော် ရွှေ့ပြောင်း

AB News – မတ် ၂၄၊ ၂၀၂၅

တောင်ကိုရီးယားနိုင်ငံ၊ ဆန်ချိုးခရိုင်တွင် မတ်လ ၂၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော တောမီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မတ်လ ၂၂ ရက်နေ့က သတင်းဌာနများတွင် ဖော်ပြသည်။

သေဆုံးသူများတွင် မီးသတ်သမား ၃ ဦးနှင့် ပြည်သူ့ဝန်ထမ်း ၁ ဦး ပါဝင်ကြောင်း သိရသည်။ လေတိုက်နှုန်း မြင့်မားမှုကြောင့် မီးလောင်မှုသည် လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်များက မီးငြိမ်းသတ်ရန် ကြိုးပမ်းနေသော်လည်း အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနက မီးငြိမ်းသတ်ရန် ရဟတ်ယာဉ် အစီး ၂၀ နှင့် မီးသတ်သမား ၃၀၄ ဦးကို စေလွှတ်ခဲ့သည်။

တောမီးလောင်မှု ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသောကြောင့် အရှေ့တောင်ပိုင်း ပြည်နယ် ၁၂ ခုကို အရေးပေါ်အခြေအနေ ကြေညာထားသည်။

တောင်ကိုရီးယား အာဏာပိုင်များသည် ဒေသခံများအား ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအမံများ ပြုလုပ်ရန်နှင့် အရေးပေါ်အခြေအနေများအတွက် အဆင်သင့်ပြင်ထားရန် သတိပေးထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ