ABN – သူရမောင်
တူရကီနှင့် ဆီးရီးယားတွင် ပြင်းထန်သည့် မြေ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၄၀၀၀ ထိရှိလာပြီဖြစ်ကြောင်းနှင့် ပြိုကျပျက်စီးသွားသည့်အဆောက်အဦး ၁၀၀၀ ကျော်ထိရှိနေကြောင်း ယနေ့မနက် အင်္ဂါနေ့တွင် တာဝန်ရှိသူများမှ ထုတ်ဖော်ပြောကြားလိုက်သည်။
တူရကီတောင်ပိုင်းနှင့် ဆီးရီးယားတောင်ပိုင်းတို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ၇.၈ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အဦးများကို နိုင်ငံအတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့များမှ ၂ ရက်ဆက်တိုက်ရှာဖွေဖော်ထုတ်ခဲ့ပြီးနောက် ယနေ့ အင်္ဂါနေ့တွင်ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် တူရကီနှင့် ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများစွာ ပြိုကျဖျက်ဆီးခံခဲ့ရသည့် ထောင်ပေါင်းများစွာသော နှစ်နိုင်ငံပြည်သူများမှာ အအေးဒဏ်ကို တစ်ညတာရင်ဆိုင်ခဲ့ရကြောင်း၊ ငလျင်ဗဟိုချက်မှ ၃၃ ကီလိုမီတာ (၂၀)မိုင်ခန့်အကွာ မြို့တော် Gaziantepရှိ ဈေးဝယ်စင်တာများ၊ အားကစားကွင်းများ၊ ဗလီများနှင့် လူအများခိုလှုံနိုင်သည့် နေရာများတွင် ဝင်ရောက်ခိုလှုံနေကြရကြောင်း တူရကီသမ္မတ Tayyip Erdoganက ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယခုကဲ့သို့ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲရကြောင်း၊ နေတိုး NATO မဟာမိတ်အဖွဲ့ကိုလည်း လိုအပ်သည့်အကူအညီများကို ထောက်ပံ့ကူညီပေးရန် တောင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့်လည်း ထောက်ပံ့ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
Source- AP

















