Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တူရကီမှ ပြန်လာသည့် ထိုင်းကယ်ဆယ်ရေး သူရဲကောင်း Usar အဖွဲ့ကို ထိုင်းဝန်ကြီးချုပ် ကြိုဆို

တူရကီမှ ပြန်လာသည့် ထိုင်းကယ်ဆယ်ရေး သူရဲကောင်း Usar အဖွဲ့ကို ထိုင်းဝန်ကြီးချုပ် ကြိုဆို

ABN-နွယ်စိုး

တူရကီနိုင်ငံတွင် ပြင်းထန်းသည့် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် Usban Search နှင့် Rescue အဖွဲ့ သို့မဟုတ် Usar Thailand အဖွဲ့တို့သည် တူရကီနိုင်ငံသို့ အကူအညီများ ပေးရန်အတွက် ဖော်ဖော်ဝါရီ ၉ ရက်နေ့က တူရကီနိုင်ငံသို့ ထွက်ခွာခဲ့သည်။

အဆိုပါ ၄၂ ဦးဖြင့် ဖွဲ့စည်းထားသည့် Usar ကယ်ဆယ်ရေးအဖွဲ့တို့သည် တူရကီတွင် အလုပ်တာဝန်ပြီးဆုံးနောက် စနေနေ့က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တို့သည် တူရကီတွင် ‌ဒေသခံပြည်သူများအား အကူအညီ ပေးခဲ့ပြီး အပျက်အစီးများကြားထဲမှ ရုပ်အလောင်း ၃၄ လောင်းကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စနေနေ့ ၁၀ နာရီ ၃၀ မိနစ်က တူရကီမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းကယ်ဆယ်ရေးသမားများကို ဝန်ကြီးချုပ် Prayut Chan-o cha က သုဝဏ္ဏမိလေဆိပ်တွင် ကြိုဆိုခဲ့သည်။

တူရကီနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည့် Usar အဖွဲ့အား ကျေးဇူးတင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောခဲ့သည်။

ထို့အပြင် တူရကီနှင့် ထိုင်းနိုင်ငံတို့ကြား ခိုင်မာစေသည့် ဆက်ဆံရေးကို ရရှိစေရန်အတွက် ရှာဖွေကယ်ဆယ်ရေး မစ်ရှင်မှာ လူးသားချင်းစာနာထောက်ထားမှုအနေဖြင့် ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၄၂ ဦးနှင့်အတူ ပါရှိသွားသည့် ရှာဖွေကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သည်​ြ ‌ခွေး ၂ ကောင်ကိုလည်း ‘”သူရဲကောင်းများ” အဖြစ် ချီးကျူးစကား ပြောခဲ့သည်။

ယခုအစောပိုင်းလအတွင်း တူရကီနှင့် ဆီးရီးယားတို့တွင် ပြင်းထန်းသည့် ငလျင်လှုပ်ခတ်ပြီးနောက် နှစ်နိုင်ငံစလုံးတွင် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

ထိုအပြင့် တူရကီနိုင်ငံ၏ ငလျင်ဇုန်တွင် အလုပ် လုပ်ကိုင်နေကြသည့် ထိုင်းလူမျိုး ၃၆ ဦးသည်လည်း ကြာသပတေးနေ့က အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ ကြသည်။

အဆိုပါငလျင်ကြောင့် တူရကီ Lskenderun မြို့၌ အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သူမ၏ ရုပ်အလောင်းကို သောကြာနေ့က ၄င်း၏ မွေးရပ်မြေ ချိုင်းယာပူမြို့သို့ ပြန်လည် ယူဆောင်လာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ