Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တူရကီနှင့် ဆီးရီးယားတွင် မြေငလျင်ကြောင့် သေဆုံးသူ ၈၀၀၀ခန့်ထိရှိလာပြီး၊ ဒဏ်ရာရသူ ၄၀၀၀၀ ကျော်ရှိနေ

ABN – ထက်မြတ်ခင်

အင်အားပြင်းမြေငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူ ၈၀၀၀ခန့်နှင့် ဒဏ်ရာရသူ စုစုပေါင်း ၄၀၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း DVBတွင်ဖော်ပြထားသည်။

သေဆုံးသူ ၆၀၀၀နီးပါးရှိလာပြီဖြစ်သည့် တူရကီနိုင်ငံအတွင်း ပြည်နယ် ၁၀ခုမှာ အရေးပေါ်အခြေအနေကို တူရကီ သမ္မတ တေယစ်အာဒိုက ဖောဖော်ဝါရီ ၇ရက်မှာ ကြေညာခဲ့ကြောင်းဖော်ပြထားသည်။

၎င်းငလျင်ကြောင့် တူရကီတောင်ပိုင်းနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင်လည်း ပျက်စီးမှုများရှိနေပြီး တူရကီတွင် သေဆုံးသူ ၅၈၉၄ ဦး၊ ဒဏ်ရာရသူ ၃၄၀၀၀ကျော်ရှိပြီး ဆီးရီးယားတွင် သေဆုံးသူ ၁၉၃၂ ဦးထက်မနည်းသေဆုံးကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိလျက်ရှိကြောင်း အာဏာပိုင် ကယ်ဆယ်ရေးသမားများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ လခြမ်းနီးအဖွဲ့မှ အတိုက်အခံများက ထိန်းချုပ်ထားသည့် ဒေသများအပါဝင် နိုင်ငံအတွင်းက ဒေသအားလုံးထံသို့ ကယ်ဆယ်ရေး အကူအညီများပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ကူညီဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကိုလည်း တိုက်တွန်းထားကြောင်း အဖွဲ့ခေါင်းဆောင် ခါလဒ် ဟူဘူဘောင်တီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တူရကီနှင့် ဆီးရီးယားတွင် မြေငလျင်ကြောင့် သေဆုံးသူ ၈၀၀၀ခန့်ထိရှိလာပြီး၊ ဒဏ်ရာရသူ ၄၀၀၀၀ ကျော်ရှိနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ