Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တူရကီနှင့်ဆီးရီးယားတွင် ငလျင်ကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးငယ်များ မသေချာသည့် အနာဂတ်နှင့် ရင်ဆိုင်နေကြရ (သတင်းဆောင်းပါး)

ABN-နွယ်စိုး

ကလေးတစ်ယောက်သည် ဖရိုဖရဲ ဗရမ်းဗတာနဲ့ ကြီးမားသည့် အပျက်အစီးများနှင့် သူမ၏ဘဝကို ဝန်းရံထားခြင်းဖြင့် စတင်ခဲ့သည်။

အာရဗီ လို အံ့ဖွယ် ဟုအဓိပ္ပါယ်ရသည့် Aya ဟုအမည်ရသည့်ကလေးငယ်ကို သတင်းဌာနများဖော်ပြချက်အရ သူမကို တနင်္လာနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်၏ အပျက်အစီးများအောက်တွင် မွေးဖွားခဲ့ပြီး ကယ်ဆယ်‌‌ရေးသမားများက သူမ၏ အမေကို တွေ့ရှိချိန်တွင် အသက်မဲ့နေသည့် မိခင်၏ခန္ဓာကိုယ်နှင့် ချက်ကြိုးဖြင့် တွဲလောင်းအနေအထားဖြင့် တွေ့ရှိခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းတွင် ရစ်ချ်တာစကေး ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ထိုမိသားစုမှာ ၅ ထပ်တိုက် အဆောက်အအုံ၏ အပျက်အစီးများ‌အောက်တွင် ၁၀နာရီကြာ နစ်မြုပ်ပြီး အသက်ရှင်လျက်ရှိနေခဲ့သည့် သူမ၏ ဇာတ်လမ်းသည် ဧကန်မုချ အံ့သြဖွယ်ပင်ဖြစ်သည်။

“ငါတို့တူးဖော်နေတုန်း အသံတစ်ခုကြားရတယ်။ ကျွန်တော်တို့ ဖုန့်မှုန့်တွေကို ရှင်းထုတ်နေတုန်း ချက်ကြိုးတန်းလန်းနဲ့ ကလေးကို တွေ့‌တယ်။ ကျွန်တော်တို့ ချက်ကြီးဖြတ်လိုက်ပြီး ဝမ်းကွဲတော်စပ်သူက အဲဒီကလေးကို ဆေးရုံသို့ ယူဆောင်သွားပါတယ်’’ ဟု ထိုကလေး၏ ဝမ်းကွဲဖြစ်သူ Khalia al -Suwadi က AFP သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ကလေး၏မိခင်မှာ အသက်မရှင်ခဲ့ပဲ ကလေးမွေးဖွားခဲ့ပြီ နာရီပိုင်းအကြာတွင် သေဆုံးသွားသည် ဟု ယူဆရသည်။ ထိုမွေးကင်းစကလေးငယ်မှာ မိသားစုထဲမှ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူဖြစ်မည်ဟု ယူဆရကြောင်း သူမ၏ ဝမ်းကွဲဖြစ်သူက သတင်းဌာနကို ပြောခဲ့သည်။

မိဘမဲ့က‌လေးဟု အမည်ပေးထားသည့် ၄င်းကို ယခုတွင် အနီးနားရှိ Afrin မြို့ ကလေးဆေးရုံ၌ ဆေးကုသမှုခံယူနေပြီးဖြစ်ကြောင်းနှင့် ကလေးအထူးကုဆရာဝန် Hani Maarouf က ထိုကလေးငယ်မှာ ကျန်းမာလျက်ရှိနေသော်လည်း ပွန်းပဲ့သည့်ဒဏ်ရာများ ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း AFP သို့ ပြောကြားခဲ့သည်။

သူမအား မယုံကြည်နိုင်‌လောက်စရာ ကယ်ဆယ်ခဲ့သည့် ဗီဒီယိုဖိုင်သည် အွန်းလိုင်းတွင် လျင်မြန်စွာ ပျံ့နှံသွားပြီး နိုင်ငံတကာ၏ အထူးအာရုံစိုက်ခြင်းကို ရရှိခဲ့သည်။

ကမ္ဘာတစ်ဝှမ်းမှ ပြည်သူအများအပြားက သူမကို မွေးစားရန် တောင်းဆိုကြသော်လည်း Aya ၏ဦးလေး Salah al-Badranသည် ငလျင်လှုပ်ခတ်မှုကြောင့် ၄င်း၏နေအိမ်ပျက်စီးသွားသော်လည်း သူမ‌ဆေးရုံကဆင်းပြီးလျင် ၄င်းအား ခေါ်ဆောင်သွားမည်ဟု အတည်ပြုထားကြောင်း ဂါးဒီးယန်သတင်းတွင် ဖော်ပြထားသည်။

UNICEF၏ အရေးပေါ်ဆက်သွယ်ရေးကျွမ်းကျင်သူ Joe English ၏ အဆိုအရ အရေးပေါ်အခြေအနေတွင် ချက်ချင်း မွေးစားခြင်းသည် မည့်သည့်အခါမျှမဖြစ်သင့်ဟု ပြောဆိုထားသည်။

‘’ကလေး၏ မိဘ ဒါမှမဟုတ် တခြားနီးစပ်တဲ့ မိသားစုဝင်တွေရဲ့ နေထိုင်တဲ့နေရာကို စီစစ်လို့မရသေးခင်အထိ ကွဲကွာသွားတဲ့ ကလေးတိုင်းကို ဆွေမျိုးရင်းချာတွေနှင့် နေထိုင်ကြရမယ်လို့ ယူဆတယ်” ဟု ၄င်းက CNN သို့ ပြောကြားခဲ့သည်။

ထို့အပြင် ကလေးများကို သူတို့မိသားစုများနှင့် ပြန်လည်ပေါင်းစည်းစေရန် ကြိုးစားလုပ်ဆောင် သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ ငလျင်လှုပ်ခတ်ပြီး ၄၂ နာရီကြာပြီးနောက် ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဂျန်ဒါရစ်မြို့ရှိ ၄င်း၏ နေအိမ် အပျက်အစီးများအောက်တွင် နစ်မြုပ်နေသည့် အသက် ၃ နှစ်အရွယ် Tariq Haidar ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

“သူရဲ့ မိသားစု အသက်မရှင်ခဲ့ဘူး၊ သူတို့က သူ့အဖေနဲ့သူ့ရဲ့ မွေးချင်းနှစ်ယောက်ကို ဆွဲထုတ်ပြီး သေဆုံးသွားတယ်‘’ဟု သူ့အား ပြုစုစောင်ရှောက်နေသည့် သူနာပြုဆရာမ Malek Qasidaက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် သေဆုံးသွားသည့် မိခင် အလောင်းနှင့် တတိယမြောက် မွေးချင်းအလောင်းကို အပျက်အစီးများကြားမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ အဆိုအရ သိရသည်။

ကလေးအများကြီး မိဘမဲ့ ဖြစ်သွားကြရလိမ့်မည်

Aya နှင့် Tariq တို့မှာ တနင်္လာနေ့က တူရကီနှင့် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် မိဘမဲ့ဖြစ်ခဲ့ရonfh အမည်မသိ ကလေးများထဲမှ နှစ်ဦးသာ ဖြစ်သည်။

ပထမလှုပ်ခတ်ခဲ့သည့် ငလျင်သည် ဒေသစံတော်ချိန် ၄ နာရီ လူအများအပြား အိပ်နေစဥ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

‘’ရုတ်တရက်ဖြစ်ပွားခဲ့သည့် ကပ်ဘေးကြောင့် သေဆုံးသူအရေအတွက်ကို အတည်ပြုပေးနိုင်တဲ့ ကိန်းဂဏန်းတွေ အခုထိ မရှိသေးသော်လည်း ကလေးအများအပြားမှာ ဒီပြင်းထန်းသည့် ငလျင်ကြောင့် မိဘတွေ ဒါမှမဟုတ် သူတို့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူတွေကို ဆုံးရှုံးရလိမ့်မယ်’’ ဟု UNICEF မှ ပြောကြားခဲ့သည်။

မိဘများနှင့် ပြုစုစောင်ရှောက်ပေးမည့်သူများနှင့် ကွဲကွာနေရသည့် ကလေးများအပြင် အဖော်မရှိသောကလေးများကို အရေးပေါ် ခွဲခြားသတ်မှတ်ခြင်းမှာ အချိန်တိုအတွင်း သင့်တော်သော စောင့်ရှောက်မှုများနှင့် အထောက်အပံ့များကို ရစေရှိနိုင်ရန်နှင့် ၄င်းတို့ကို မိသားစုနှင့် ပြန်လည် ပေါင်းစည်းနိုင်စေရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေဖော်ထုတ်နိုင်ရန် စတင်လုပ်ဆောင်နေသည်ဟု လည်း ပြောကြားခဲ့သည်။

သန့်ရှင်းသောသောက်သုံးရေ၊ အနွေးထည်၊ ဆောင်းရာသီအဝတ်အစား၊ ဆေးဘက်ဆိုင်ရာနှင့် အာဟာရဆိုင်ရာ အထောက်အပံ့များ စီစဥ်ပေးခြင်းနှင့် အရေးပေါ်အသက်ကယ်ခြင်းအပြင်၊ UNICEFသည်လည်း ကျွန်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အရေးပါသော ကျန်းမာ‌ရေးဆိုင်ရာ ပံ့ပိုးမှုးများကို ၄င်းတို့ အတွေ့အကြုံများဖြင့် စီမံဆောက်ရွက်ပေးကာ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကလေးများကြုံတွေနေရသည့် စိတ်ဒဏ်ရာများကို စတင်ကိုင်တွယ် ဖြေရှင်းပေးနေကြာင်းလည်း ထပ်ပြောခဲ့သည်။

‘’ဒါဟာ ရေတိုအလုပ်မဟုတ်ပါဘူး၊က‌လေးတွေနဲ့ မိသားစုတွေ အစိတ်အစိတ်အမွာမွာ ကွဲကွားသွားတဲ့ သူတို့ ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ကျွန်တော်တို့က အကူအညီပေးတဲ့အခါမှာ ရေရှည်ပံ့ပိုးမှုတွေ လိုအပ်လိမ့်မယ်” ဟုလည်း ပြောကြားခဲ့သည်။

ထို့အတူပင် UK၏ ထိပ်တန်းအကူအညီပေးရေး ပရဟိတအဖွဲ့အစည်း ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ဘေးအန္တရယ်ဆိုင်ရာ အရေးပေါ်ကော်မတီ (DEC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ အဖော်မဲ့ကလေးများနှင့် ကွဲကွာနေသောကလေးများကို အနီးကပ်စောင့်ကြည့်ပြီး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူတို့သည် အဖော်မဲ့နေသော က‌လေးများနှင့် ကွဲကွာနေသောကလေးများအတွက် သင့်တော်သည့် အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်လို့ ကုသမှုများ ကျန်မားရေးနှင့်ဆိုင်သော ကိုယ်လက်အင်္ဂါလှုပ်ရှားမှုများနှင့် ကလေးများအတွက် အဆင်ပြေစေမည့် နေရာများ ထည်ထောင်ခြင်းအပြင် အထူးဂရုစိုက်ပြီး အစားထိုးစောင့်ရှောက်ခြင်းတို့ကို လုပ်ပေးနေကြောင်း DEC မှ ပရိုဂရမ်တာဝန်ခံမှု ဒါရိုက်တာ Madara Hettiarachchi က CNNသို့ ပြောကြားခဲ့သည်။

အချိန်နှင့်တပြေးညီ အပြိုင်အဆိုင်

မိဘမရှိဘဲ ကျစ်ရစ်နေသောကလေးများနှင့်ပတ်သက်၍ လူမှုဝန်‌ဆောင်ရေးဌာနနှင့် တူရကီဝန်ကြီးဌာန၏ ပြောကြားချက်အရ သောကြာနေ့က တူရကီနိုင်ငံရှိ အပျက်အစီးများမှ ဆွဲထုတ်ကယ်တင်ခဲ့သော ကလေး ၂၆၃ ဦးမှာ မိသားစုများနှင့် အဆက်သွယ်မရသေးကြောင်း သိရသည်။

အဆိုပါကလေးများထဲမှ ၁၆၂ ဦးကို ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနေရပြီး နောက်ထပ် ကလေး ၁၀၁ ဦးမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လွှဲ‌ပြောင်းပေးလိုက်ပြီးနောက် အဖွဲ့အစည်းဆိုင်ရာ စောင့်ရှာက်မှု‌အောက်တွင် ထားရှိထားကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်းများအရ တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူ ၃၅၀၀၀ ‌ကျော်ထိရှိနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အေးခဲနေသည့် ဆောင်းရာသီတွင် ပြိုကျနေသော အဆောက်အဦအပျက်အစီးများမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများမှာ အချိန်နှင့်တပြေးညီ အပြိုင်အဆိုင် အချိန်လု၍ ကယ်ဆယ်ရန် ကြိုးပမ်းနေကြရသည်။

ပြင်းထန်းသော နောက်ဆက်တွဲငလျင်များလှုပ်ခတ်ပြီးနောက် လမ်းများပိတ်ဆို့ခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းများမှာ ကယ်ဆယ်ရန် ကြိုးပမ်းမှုများကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။

အသက်ရှင်ကျန်ရစ်နေသူများ၏ မယုံနိုင်စရာ ပုံပြင်အချို့ရှိခဲ့သည်။ တူရကီနိုင်ငံ၏ kahramanmaras မြို့တွင် ငလျင်လှုတ်ခတ်ပြီး ၁၁၉ နာရီအကြာတွင် အပျက်အစီးများထဲမှ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို ဆွဲထုတ်နိုင်ခဲ့ပြီး ထို့အပြင် တူရကီ နိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်၌ ၁၄၇ နာရီအကြာတွင် အပျက်အစီးများအောက်ထဲမှ အသက် ၁၀ နှစ်အရွယ် မိန်ခလေးတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သည်။

သို့သော်လည်း CNN Romania ၏ တွဲဖက် Antena ၃ခု ၏ သတင်းထောက် Cristian Popoviciက ယခုကဲ့သို့ မယုံကြည်နိုင်စရာ ဖြစ်လောက်အောင် ဖြစ်ပျက်သွားသည့် မြင်ကွင်းများသည် နာရီများစွာကြာလာသည်နှင့်အမျှ နည်းပါးလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အထူးဖြင့် ညဘက်တွင် မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်အရ အေးခဲ့နေသည့် အပူချိန်ကြောင့် ဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်းထက်လျော့နည်းကြောင်း ပြောကြားခဲ့သည်။

‘’ဒါဟာ တကယ့်ကို အံ့ဖွယ်တစ်ခုပါပဲ၊ ကံမကောင်းစွာဘဲ ကျွန်တော်တို့ အခု အဲဒါတွေ လျော့နည်းလာတာကို တွေ့မြင်နေရပြီ ဒါပေမယ့်လည်း ဒီလူတွေရဲ့ အသက်ကို ဆက်ပြီး ကယ်တင်နိုင်ဖို့အတွက် အားလုံး အလုပ်လုပ်နေကြပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ပြီးခဲ့သည် ရက်သတ္တပတ်အတွင်းက တွေ့မြင်နေရသော အံ့သြဖွယ်ကောင်းလောက်အောင် ကယ်ဆယ်မှုများသည် ဝမ်းသာခြင်း ဝမ်းနည်းခြင်း ပေါင်းစုံဖြင့် ပေါင်းစပ်ထားသည့် မြင်ကွင်းများဖြစ်ပြီး အချို့ကလေးများသည် ၄င်းတို့၏ နေအိမ်အပျက်အစီးများမှ အသက်ရှင်လျက် လွတ်မြောက်သွားကြသော်လည်း ၄င်းတို့၏ လက်ရှိမိသားစုမှာ အသက်ရှင်၍ ကျန်မကျန် ရှာတွေ့နိုင်စေရန်အတွက် ကယ်ဆယ်မှုများ လုပ်ဆောင်နေသည် ဟု သိရသည်။

ယခုလိုအဖြစ်ဆိုးတွင် မိဘမဲ့ကလေးများ မည်မျှကျန်ရစ်ခဲ့သည်ကို အတိအကျ ပြောရန် စောလွန်းသေးသည်ဟု ကယ်ဆယ်ရေးအေဂျင်စီများမှ ပြောကြားခဲ့သည်။

CNN သတင်းဌာနတွင် ဖော်ပြသည့် Children orphaned by the quake in Turkey and Syria face an uncertain future ဆောင်းပါးကို ABN ကဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

တူရကီနှင့်ဆီးရီးယားတွင် ငလျင်ကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးငယ်များ မသေချာသည့် အနာဂတ်နှင့် ရင်ဆိုင်နေကြရ (သတင်းဆောင်းပါး)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ