Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တူရကီတွင် ငလျင်ထပ်လှုပ်မှုကြောင့် သေဆုံးသူ ၁ဦးနှင့် ဒဏ်ရာရသူ ၁၁၀ထိရှိခဲ့

တူရကီတွင် ငလျင်ထပ်လှုပ်မှုကြောင့် သေဆုံးသူ ၁ဦးနှင့် ဒဏ်ရာရသူ ၁၁၀ထိရှိခဲ့

ABN-ထက်မြတ်ခင်

ယမန်နေ့ဖေဖော်ဝါရီ ၂၇ရက်နေ့က တူရကီတောင်ပိုင်းတွင် ငလျင်ထပ်မံလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁၀ဦးထိရှိခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသည်။

တူရကီတောင်ပိုင်းတွင် ထပ်မံလှုပ်ခတ်ခဲ့သည့် ငလျင်မှာ ပြင်းအား၅.၆ထိရှိခဲ့ပြီး ယခင်ငလျင်က ပျက်စီးခဲ့သည့် အဆောက်အဦးများစွာလည်း ပြိုကျခဲ့သည်။

တူရကီနဲ့ဆီးရီးယားနှစ်နိုင်ငံမှာ လူပေါင်းငါးသောင်းကျော် သေဆုံးခဲ့ရသည့် ပြင်းအား ၇.၈နှင့် ၇.၆ ရှိ ငလျင်ကြီးနှစ်ခုအပြီး သုံးပတ်အကြာမှာ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

တူရကီနိုင်ငံ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲရေးဌာန (AFAD) ၏ အကြီးအကဲဖြစ်သည့် ယူနွတ်ဆက်ဇာ (Yunus Sezer) က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှာ အဆောက်အဦး ၅ခုအတွင်း ရှာဖွေကယ်ဆယ်ရေးများ ဆက်လုက်ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် တူရကီတွင် သေဆုံးသူစုစုပေါင်း ၅ သောင်းကျော်အထိ ရှိခဲ့ပြီး အဆောက်အဦးပေါင်း ၁ သိန်း ၇ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ