Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုင်ဖွန်မုန်တိုင်းကြောင့် တရုတ်တွင် လူပေါင်း ၅ သိန်းကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်း

ABN-ရှိုင်းမိုး

ဇူလိုင် ၃၁ရက်

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေမှစ၍

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဒေါ့ဆူရီ တိုင်ဖွန်မုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်း ထားရကြောင်း ဆင်ဟွာသတင်းဌာနက ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြသည်။

အဆိုပါမုန်တိုင်း၏ လေတိုက်နှုန်းမှာ ၁နာရီကို ၁၁၀ မိုင်နှုန်းနှင့် ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လူပေါင်း ၈၈၀,၀၀၀ ကျော် မုန်တိုင်းဒဏ်ခံရပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ လူပေါင်း ၅ သိန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြရသည်ဟုသိရသည်။

တိုက်ဖွန်မုန်တိုင်းကြောင့် ဖူကျန့်ပြည်နယ်အတွင်း လူနေအိမ် ၁၇၈ လုံးပျက်စီးပြီး၊ လယ်ဧက ၆၃၃၃ ဟက်တာကျော် ထိခိုက်ပျက်စီးခဲ့သည်။

ပေကျင်းမြို့အပါအဝင် တရုတ်နိုင်ငံမြောက်ပိုင်းတွင် မိုးပြင်းပြင်း ထန်ထန် ရွာသွန်းနိုင်သောကြောင့် လူများထိခိုက်နိုင်သည့်အတွက် မိုးလေဝသဌာနက အနီရောင် အမြင့်ဆုံးအဆင့် သတိပေးချက်ကို ထုတ်ပြန်ထားသည်။

တိုင်ဖွန်မုန်တိုင်းသည် တရုတ်သို့မဝင်ရောက်ခင်အချိန်က ဇူလိုင်လ ၂၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လူ ၃၉ ဦးသေဆုံးခဲ့သည်ဟုသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ