Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ် သူလျိုမိုးပျံပူဖောင်းကို အမေရိကန်လေတပ်က ပစ်ချ

ABN-နွယ်စိုး

အမေရိကန် ဝေဟင်တွင်ရောက်ရှိနေသည့် သံသယဖြစ်ဖွယ် တရုတ်မိုးပျံပူဖောင်းကို စနေနေ့က အမေရိကန်လေတပ်မှ ကာရိုလိုင်းနားပြည်နယ်ကမ်းလွန်တွင် ပစ်ချလိုက်ပြီး ၄င်းသည် ပစ်မချခင် မြောက်အမေရိကတိုက်တွင်ရှိသည့် စစ်စခန်းများပေါ်တွင် ဖြတ်ကျော် ပျံသန်းမှုများရှိခဲ့သည်ဟု သိရသည်။

အဆိုပါ မိုးပျံပူဖေါင်းသည် ကျောင်းကား ၃ စီး စာမျှ အရွယ်အစားရှိပြီး အမြင့်ပေ ၆သောင်းခန့်တွင် ပျံသန်းခဲ့ခြင်းဖြစ်ပြီး အပိုင်းအစများမှာ အတ္တလန်တိတ် သမုဒ္ဒရာထဲ အမေရိကန်ရေပိုင်နက်ထဲတွင် ရှာဖွေနေပြီး ထိုပူဖေါင်းကို အမေရိကန်တိုက်လေယာဥ်မှ ပစ်ချလိုက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုပူဖေါင်းနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်း စနေနေ့ မနက်ပိုင်းက သတင်းထောက်များ၏ အမေးကို ပြန်လည် ဖြေကြားခဲ့သည်။

မိုးပျံပူဖောင်းသည် သမုဒ္ဒရာထဲ ရောက်လာချိန်တွင် အမေရိကန် လေကြောင်းစီမံခန့်ခွဲရေးနှင့်ကမ်းရိုးတန်းစောင့်တပ်များက ထိုပူဖေါင်းရှိရာ ဝေဟင်နှင့်ရေပြင်တွင် မည်သည့်အရာမျှ မကျန်ရှိအောင် ရှင်းလင်းလုပ်ဆောင်ခဲ့ပြီး ရုပ်သံဗီဒီယိုထဲမှ ပေါက်ကွဲမှု အငယ်စားတစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရပြီးနောက် ပူဖေါင်းသည် ရေပြင်ထဲ ကျသွားခဲ့သည်။

ထို့အပြင် ပူးဖေါင်းကျသွားသည့် အနီးနားတဝိုက်တွင် အမေရိကန်စစ်တပ်သုံး ဂျက်ရဟတ်ယာဥ်များ ပျံးသန်နေပြီး ပျက်ကျထားသည့် အပိုင်းအစများကို ဆယ်ယူရန် သင်္ဘောများ ဖြန့်ချထားသည် ဟု သိရသည်။

ထိုပူဖေါင်းသည် စနေနေ့ မနက်ပိုင်းတွင် ကာရိုလိုင်းနားပြည်နယ်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိလာပြီး ဒေသအတွင်း လေယာဥ် ခရီးစဥ်များအတွက် သတိ‌ပေးချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိုပူဖေါင်းနှင့်ပတ်သက်၍ သောကြောနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က တိုက်ချင်း Montana ပြည်နယ်တွင် တိုက်ချင်းပစ်ဒုံးကျည်များ သိုလှောင်ထားသည့် လေတပ်အခြေစိုက်စခန်းတခုထဲသို့ တရုတ် မိုးပျံပူဖေါင်း ပျံသန်းခြင်းသည် လျိုဝှက်စုံစမ်းဖို့ ဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာနမှ ပြောကြားချက်တွင် အမေရိကန်လေပိုင်နက်ထဲ ရည်ရွယ်ချက် မရှိပဲ မိုးလေဝသ မိုးပျံပူဖေါင်းရောက်သွားသည့်အတွက် စိတ်မကောင်း ပြောကြားခဲ့သည်။

တရုတ် သူလျိုမိုးပျံပူဖောင်းကို အမေရိကန်လေတပ်က ပစ်ချ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ