Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ် မူကြိုကျောင်း တစ်ခုတွင် ဓားထိုးမှုဖြစ်ပွား၍ ကလေး ၃ ဦး အပါအဝင် လူ ၆ ဦးသေဆုံး

တရုတ် မူကြိုကျောင်း တစ်ခုတွင် ဓားထိုးမှုဖြစ်ပွား၍ ကလေး ၃ ဦး အပါအဝင် လူ ၆ ဦးသေဆုံး

ABN-ရှိုင်းမိုး

ဇူလိုင် ၁၁ ရက်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ကွမ်တုံပြည်နယ်ရှိ ဂွမ်ဒေါင်ခရိုင်၊ လင်းန်ဂျန်းမြို့မှ မူကြိုကျောင်းတွင် ယမန်နေ့ နံနက် ​ ၇ နာရီ ၄၀ မိနစ်အချိန်က မူကြိုကျောင်းထဲသို့ အမျိုးသားတစ်ဦး ဝင်လာ၍ ဓားထိုးတိုက်ခိုက်မှု​​ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ၌ သေဆုံးသွားသူများမှာ ကလေး ၃ ဦး၊ ဆရာ ၁ ဦးနှင့် ကျောင်းသားမိဘ ၂ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့သည်။

​ဖြစ်မှုကျူးလွန်သူမှာ အသက်၂၅ နှစ်အရွယ်ရှိပြီး သူ၏အမည်မှာ “ဝူ”ဖြစ်သည်ဟုသိရသညိ။

ထိုသူကို လက်ရှိတွင် ရဲတပ် ဖွဲ့က ဖမ်းဆီးထားကြောင်းဆိုသည်။

တရုတ်နိုင်ငံရဗိ မူကြိုကျောင်းများတွင်အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ပြီးခဲ့သည့်နှစ်များက အများအပြား ဖြစ်ပွားခဲ့ပြီး ကုန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကလည်း ကျန်းရှီပြည်နယ်မှ မူကြိုကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရ၍ လူ ၃ ယောက်သေ ဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလကလည်း တရုတ်နိုင်ငံတောင်ပိုင်းမှ မူကြိုကျောင်း တစ်ကျောင်းကို ဓားကိုင်ထားသူ ၁ ယောက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကလေး၂ယောက်သေ ဆုံးခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၁၉ ခုနှစ်က ဟူဘီပြည်နယ်တွင် စာသင်ကျောင်းတစ်ကျောင်းကို အသက် ၄၀ အရွယ်အမျိုးသားတစ်ယောက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၈ ယောက်သေဆုံးခဲ့ပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလကလည်း ချန်ဟိုင်းပြည်နယ်ရှိ ကောလိပ်ကျောင်းပြင်ပတွင် အသက် ၂၈နှစ်အရွယ် အမျိုးသား ၁ ယောက် တိုက်ခိုက်မှုကြောင့် ကောလိပ် ကျောင်းသား ၉ ယောက်သေဆုံးခဲ့ပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ