Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ် ကျူးကျော်လာပါက အဆင်သင့်ဖြစ်နေစေရန် ထိုင်ဝမ်ပြည်သူများ လေ့ကျင့်နေကြ

တရုတ် ကျူးကျော်လာပါက အဆင်သင့်ဖြစ်နေစေရန် ထိုင်ဝမ်ပြည်သူများ လေ့ကျင့်နေကြ

ABN-ဧပြီ ၁၉ ရက်

တရုတ်သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ကျူးကျော်လာပါက ရုပဗေဒပညာရှင် လင်ယူတင် တစ်ယောက် သူမ၏ ကလေးနှစ်ဦးကို လက်ဆင့်ကမ်းသင်ပြပေးနိုင်ရန်အတွက် စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အရပ်သား ကာကွယ်ရေးနည်းနာများကို သင်ကြားရင်း အချိန်ကို အသုံးချနေသည်။

ကာကွယ်ရေးနည်းနာများ သင်ယူခြင်းဖြစ်သော်လည်း စစ်လက်နက်များဖြင့် သင်ကြားခြင်း မဟုတ်ပေ။ တရုတ်၏ ရန်ကို မည်ကဲ့သို့တုန့်ပြန်မည်နှင့် ပတ်သက်ပြီး မရှိမဖြစ်အရေးကြီးသော နည်းနာများကို သင်ကြားလေ့ကျင့်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြီးဆုံးသွားပြီဖြစ်သည့် ထိုင်ဝမ်အနီး တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုများအပါအဝင် လွန်ခဲ့သည့် နှစ်က တရုတ်တို့ နှစ်ကြိမ်တိုင်တိုင် တရုတ်တို့ ဝင်ရောက်လာခြင်းများ၊ ယူကရိန်းစစ်ပွဲတို့ကို အဝေးတစ်နေရာမှ မြင်ရပြီးနောက် ထိုကဲ့သို့ သင်တန်းများမှာ အဆိုးဆုံးအခြေအနေတစ်ခုအတွက် အဆင်သင့်ဖြစ်နေစေရန် ထိုင်ဝမ်နိုင်ငံသူ၊ နိုင်ငံသားများတို့၏ အရေးတကြီး အခြေအနေ တွင် လုပ်ဆောင်ရမည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

“စစ်ပွဲဖြစ်လာနိုင်ခြေရှိတဲ့ အတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် လင်ယူတန် က ဆိုသည်။ သူမသည် တိုင်ပေရှိ Kuma Academy တွင် ကာကွယ်ရေးဆိုင်ရာ အတန်းများကို တက်ရောက်နေသူဖြစ်သည်။

“ရှေ့တန်းစစ်မျက်နှာပြင်မှာ ရှိနေခြင်းဟာ အကူအညီပေးရုံ သက်သက်တော့ မဟုတ်ပါဘူး” ဟု ပြောပြီး သူ၏ အသက် ၈နှစ် နှင့် ၁၂ အရွယ် ကလေးများလည်း အကျဥ်းအကျပ် အခြေအနေတွင် မည်သို့ လုပ်ဆောင်ရမည်ကို သိသင့်ကြောင်း ဖြည့်စွက် ပြောကြားသည်။

Kuma သင်တန်းကျောင်းမှ သင်တန်းနည်းပြများမှာ ကူညီကယ်ဆယ်ရေးဆိုင်ရာ ပြင်ဆင်ခြင်းများနှင့် ဆက်စပ်သည့် လက်တွေ့ကျသော နည်းလမ်းများကို သင်ကြားပြသပေးကြပြီး ၄င်းတို့တွင် လေကြောင်းရန်မှ အကာကွယ်ရယူနိုင်မည့် အနီးစပ်ဆုံး နေရာများကို ရှာဖွေခြင်း၊ အရေးပေါ် ကယ်ဆယ်ရေး အိတ်မှ မည်သည့် အရာကို ယူဆောင်ရမည် စသည်တို့ ပါဝင်သည်။

သို့ရာတွင် သင်တန်းများတွင် ထိုင်ဝမ်ကျွန်းကို ဒုံးကျည် ၁၀၀၀ ခန့် မိုးရွာသလို ရွာချပြီး စစ်သင်္ဘောပေါင်း ၅၀,၀၀၀ တို့ကို ထိုင်ဝမ်ကျွန်းအနား ဆိပ်ကပ်နေပြီ စသည့် ပြောကြားချက် သတင်းအမှားများကို တန်ပြန်၍ တရုတ်ကျူးကျော်မှုများမှာ မည်သို့ဖြစ်လာဖွယ် ရှိသည် ဆိုသည့် သတင်းမှားများကိုလည်း ပစ်မှတ်ထားသည်။

ထိုင်ဝမ်၏ ဒီမိုကရေစီစနစ်နှင့် ကာကွယ်ရေးဆိုင်ရာစွမ်းရည်များတွင် မယုံကြည်မှုများကို မျိုးစေ့ချရန်ကြိုးစားနေကြသည့် တရုတ်တို့၏ ပြောကြားချက်များကို ရင်ဆိုင်တားဆီးရန် စိတ်ပိုင်းဆိုင်ရာ အကာအကွယ် ပထမ ခံတပ်ကို တည်ဆောက်နေပြီဖြစ်ကြောင်း သင်တန်းများကို ဦးဆောင်သူများက ဆိုသည်။

တရက်တာလုံး သင်ကြားရသည့် ထိုသင်တန်းများတက်ရောက်ရန် US $ 33 ခန့် ပေးရပြီး သွေးတိတ်ပတ်တီးများ မည်သို့ စည်းရမည်၊ ဒဏ်ရာများကို ပတ်တီးများဖြင့် မည်သို့ အုပ်ရမည် စသည့် အရေးပေါ် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လေ့ကျင့်မှုများဖြင့် အဆုံးသတ်သည်။

ကြံ့ကြံ့ခံ၊ ကြိုးစားရှင်သန်၊ အောင်မြင်ရမည်

သင်တန်းနည်းပြများသည် သင်ခန်းစာများအတွင်း သူတို့၏ ရည်ရွယ်ချက်ကို သိရှိနားလည်စေရန် ယူကရိန်းတွင် ဒေသခံများနေထိုင်သည့် နေရာများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်း၊ ကမ္ဘာကျော် ရုပ်ရှင်ကား Saving Private Ryan မှ အိုမာဟာ ကမ်းခြေသို့ ဆင်းသက်ခြင်း ဇာတ်ဝင်ခန်းများမှ ဓာတ်ပုံများကို အသုံးပြုထားသည်။

“နေရာတစ်ခုကို သိမ်းပိုက်ဖို့ ဆိုတာ အရမ်းခက်ခဲခဲ့မှာပါပဲ။ ကျွန်မအထင် ဒါဟာ ယူကရိန်းစစ်ပွဲကြောင့်လည်း တစိတ်တပိုင်းဖြစ်နေတာပါ” ဟု လင် ကဆိုသည်။

ကူမား သင်တန်းကျောင်းသည် ၂၀၂၂ ဇန်နဝါရီမှ စ၍ လူပေါင်း ၁၀,၀၀၀ ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်သည်။ ထိုင်ဝမ်ပြည်သူများမှာ သူတို့ကိုယ်သူတို့ လုံခြုံအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့်ပတ်သက်ပြီး ဗဟုသုတ ပိုမိုရှိလိုကြောင်း တောင်းဆိုမှုများလာသောအခါ သင်တန်းများမှ အချိန်တိုအတွင်း ပြည့်သွားခြင်းဖြစ်သည်။

၂၃သန်းရှိသော ထိုင်ဝမ်ပြည်သူများကြားတွင် ထိုကဲ့သို့ ကာကွယ်ရေးသင်တန်းများ နာမည်ကြီးလာခြင်းတွင် စစ်ရေးလေ့ကျင့်မှုများအတွင်း အရပ်သားများ ပါဝင်နေခြင်း၊ အစိုးရကလည်း ကျွန်းအနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်ရေး လုပ်ဆောင်ချက်များကို ပြုလုပ်နေခြင်း နှင့် တရုတ်ကျူးကျော်ရေး လက်စွဲစာအုပ်တစ်ခု ဖန်တီးခြင်းတို့ကို မြင်တွေ့ရမည်ဖြစ်သည်။

ကူမားသင်တန်းကျောင်းကို ထိုင်ဝမ်ကျွန်း၏ ကာကွယ်ရေးနှင့်ပတ်သက်ပြီး သန်းပေါင်းများစွာ ပေးအပ်နေသည့် အလွန်ချမ်းသာသော စွန့်ဦးတီထွင် လုပ်ငန်းရှင် လေးငါးဦးက ငွေကြေးထောက်ပံ့ပေးထားပြီး ၄င်းတို့တွင် ထိုင်ဝမ်၏ ပထမဆုံးသော ဆီမီးကွန်ဒက်တာ ကုမ္ပဏီ UMC တည်ထောင်သူ Robert Tsao လည်းပါဝင်သည်။

အမေရိကန်အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ နန်စီပလိုစီ အလည်လာပြီးနောက် လွန်ခဲ့သည့် သြဂတ်စ်လအတွင်းက တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မှုအပြီး ထိုင်ဝမ်ကျွန်းကာကွယ်ရေးအတွက် Robert က ရန်ပုံငွေများ ထည့်လာခြင်းဖြစ်သည်။

ကူးမား သင်တန်းကျောင်းတွင် ထိုင်ဝမ်ပြည်သူ ၃သန်းကို လေ့ကျင့်ပေးကာ တိုင်ပေ၏ စစ်ရေးအသုံးကို တိုးမြှင့်စေရန် လုပ်ဆောင်မည့် ရည်မှန်းချက် ကြီးကြီးမားမားရှိပြီး ယခုနှစ်နွေရာသီအတွက် စီစဥ်ထားသည့် အွန်လိုင်းသင်တန်းများမှတဆင့် လုပ်ငန်းစဥ်ကို မြန်ဆန်စေရန်လည်း အလိုရှိနေသည်။

ရိုင်ဖယ်ကိုင်ဆောင်ထားသည့် အမဲရောင် ထိုင်ဝမ် ဝက်ဝံအရုပ်ပါရှိသည့် လက်စွဲစာအုပ်တွင် လေ့ကျင့်သူများကို “ငါတို့ဟာ ငွေကြေးမရှိဘဲနဲ့ နေသွားရနိုင်တယ်၊ ဂတ်စ်တွေမရှိ၊ ရေပူမရှိ၊ မီးတွေမရှိဘဲနဲ့ပေါ့။ ဒါပေမယ့် လွပ်လပ်မှု မရှိဘဲနဲ့ တော့ မဟုတ်ဘူး ဟု ပြောထားသည်။ ငါတို့ဟာ အားလုံးကို ကျော်ဖြတ်ကြရမယ်။ ကြံ့ကြံ့တောင့်ခံကြမယ်၊ မရရအောင် ရှင်သန်ကြမယ်၊ ပြီးရင် အဓွန့်ရှည်တည်တံ့အောင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်” ဟု ဆိုထားသည်။

အရေးပေါ် အိတ်တစ်အိတ် ထုပ်ထားပါ

တရုတ်ကျူးကျော်တိုက်ခိုက်လာပါက စစ်သင်တန်းတက်ရောက်ရန် တာဝန်ရှိပြီးဖြစ်သော သို့မဟုတ် ဆင့်ခေါ်ခံရမည်ဖြစ်သော အမျိုးသားများထက် အမျိုးသမီးအများအပြားက စာရင်းပေးထားသည့် အတွက်ကြောင့် ကူးမား သင်တန်းကျောင်းသည် မကြာသေးမီက အမျိုးသမီးသီးသန့် သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။

အိမ်ရှင်မ တစ်ဦးဖြစ်သည့် လိုင်က သင်တန်းတက်ရောက်ရန် ကလေးနှစ်ဦးကို ယောက်ျားဖြစ်သူနှင့် ချန်ခဲ့သည်။

“စစ်ဖြစ်ခဲ့လို့ရှိရင် ကျွန်မက နောက်တန်းမှာပဲရှိနေမှာ။ တခြားသူတွေကို ကူညီဖို့ ငါဘာတွေလုပ်ပေးနိုင်တာ ရှိလဲသိဖို့ ဒီသင်တန်းတက်ဖို့ လာတာဖြစ်တယ်” ဟု အသက်လေးဆယ်အရွယ် လိုင် က ဆိုသည်။

“ကျွန်မကလေးတွေ လုံခြုံစေဖို့၊ ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေလုပ်ဖို့လိုအပ်လဲ ဆိုတာကို အသေအချာ သိဖို့ လိုအပ်တယ်” ဟု ဆိုသည်။

အသက် ၃၇ နှစ် အရွယ် စာရင်းကိုင်တစ်ဦးဖြစ်သူ ယူချောင်လင် ကလည်း မေလတွင် သေနတ်ပစ်သင်ခန်းစာကို နားလည်စေရန်အတွက် ပြည်သူ့ကာကွယ်ရေး သင်ခန်းစာများကို အသုံးပြုနေပြီး အသက်ကြီးသူမိဘများကို အကူအညီပေးနိုင်ရန် အတွက် ဟု ဆိုသည်။

“စစ်ဖြစ်ရင် အိမ်ကို ကာကွယ်ဖို့ အတွက် ပစ်စတို တစ်လက်ကို အသုံးပြုမယ်။ အသက် ၆၀၊ ၇၀ အရွယ် မိဘတွေကို ဂရုစိုက်ရမယ်လေ။ သူတို့ကို ကာကွယ်ပေးရမယ့် တာဝန်ရှိနေတယ်” ဟု သူမက ဆိုသည်။

“ကျွန်မတို့ အရှိတရားကို မျက်ကွယ်ပြုမယ့်အစား အသေအချာပြင်ဆင်ထားဖို့ လိုပါတယ်”

CNN သတင်းပါ ‘Get ready’: Taiwan civilians train for Chinese invasion ကို ကျော်ဇံ ဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ