Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်အင်ဂျင်နီယာ ၁ ဦး တရုတ်အစိုးရအတွက် သူလျှိုလုပ်မှုကြောင့် အမေရိကန်တွင်ထောင် ၈ နှစ်ချမှတ်ခံရ

ABN – ကိုဟိန်းထွန်း

ချီဂါဂိုမှ ဘွဲ့ရဟောင်း တရုတ်အင်ဂျင်နီယာ တစ်ဦးသည် အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များထံမှ သတင်းအချက်အလက်များကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုကြောင့် ယမန်နေ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလိုက်သည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ တရုတ်နိုင်ငံသား Ji Chaoqun ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အမေရိကန်သို့ Illinois Institute of Technology ၌ လျှပ်စစ်အင်ဂျင်နီယာပညာသင်ကြားရန် ရောက်လာခဲ့၍ နောက်ပိုင်းတွင် US Army Reserves တွင် စာရင်းသွင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် အမျိုးသားသည် ပြီးခဲ့သည့်စက်တင်ဘာလက တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန MSS ၏ အေးဂျင့်အဖြစ်တရားမဝင်လုပ် ကိုင်ဆောင်ရွက်မှုနှင့် အမေရိကန်စစ်တပ်အား စာရွက်စာတမ်း အတုလုပ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူလည်းဖြစ်သည်။

Ji Chaoqun သည် တရုတ်သူလျှိုဟု ခေါ်ဆိုနိုင်သောလူသစ်စုဆောင်းခြင်းအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်များကို ထောက်လှမ်းရေးအရာရှိတစ်ဦးထံသို့ ပေးပို့ရန်တာဝန်ယူထားသူဖြစ်ပြီး ၎င်းတို့ထဲတွင် အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာများတွင် လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ နှင့် အင်ဂျင်နီယာများ နှင့် သိပ္ပံပညာရှင်များ ပါဝင်သည်ဟု အမေရိကန် တရားရေးဌာန၏ ပြောဆိုချက်အရ သိရသည်။

သူ၏သူလျှိုလုပ်ဆောင်မှုသည် တရုတ်ထောက်လှမ်းရေး၏ အမေရိကန်ကုမ္ပဏီများမှ တီထွင်ထားတဲ့ အဆင့်မြင့် အာကာသယာဥ်စခန်းတည်ဆောက်မှု နှင့် ဂြိုလ်တုနည်းပညာများကို ရရှိရန်ကြိုးပမ်းနေသည့် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အမေရိကန်တရားရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

Ji ဘွဲ့ရပြီး ၁ နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် သူ၏အရည်အချင်းများကို “နိုင်ငံ့အကျိုးစီးပွားအတွက် အရေးပါသည်” ဟုယူဆပါက နိုင်ငံခြားသားများကို ခေါ်ယူနိုင်သည့် အစီအစဉ်တစ်ခုအောက် US Army Reserves တွင် စာရင်းသွင်းခဲ့သည်။

အစီအစဥ်တွင်ပါဝင်ရန်အတွက် လွန်ခဲ့သည့် ၇ နှစ်အတွင်း နိုင်ငံခြားအစိုးရနှင့် အဆက်အသွယ်မရှိခဲ့ကြောင်းကို သူ၏ လျှောက်လွှာ၌ လိမ်လည်ထားခဲ့သည်။ အမေရိကန်တရားရေးဌာနပြေားကြားချက်အရ သူသည်အမေရိကန်စစ်တပ်အရာရှိတစ်ဦးနဲ့နောက်ဆက်တွဲ အင်တာဗျူးတစ်ခုတွင် သူသည် တရုတ်ထောက်လှမ်းရေးအရာရှိများ၏ ဆက်သွယ်မှု ဆက်စပ်မှုရှိသည်ကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့သည် ဟု ဆိုသည်။

၂၀၁၈ ခုနှစ်က ဂျိသည် တရုတ် MSS ကိုယ်စားလှယ်အဖြစ် ဟန်ဆောင်ထားပြီး အမေရိကန် တရားဥပဒေစိုးမိုးရေးကို လျို့ဝှက် ထောက်လှမ်းနေသူ တစ်ဦးနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုများတွင် သူ၏ စစ်သား ID ဖြင့် Roosevelt-class လေယာဉ်တင်သင်္ဘောများကို သွားရောက်ကြည့်ရှုကာ ဓာတ်ပုံများရိုက်နိုင်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံသားဖြစ်မှုနှင့် အမေရိကန် အရန်ကာကွယ်ရေးတပ် ပရိုဂရမ်တွင် လုံခြုံရေး ရှင်းလင်းချက်ရပြီးလျှင် CIA, FBI သို့မဟုတ် နာဆာတွင် အလုပ်တစ်ခုရှာမည်ဖြစ်ကြောင်း ရှင်းပြခဲ့သေးသည်ဟု တရားခွင့်တွင် သက်သေအထောက်အထားများဖြင့် US တရားရေးဌာနက ပြောသည်။

ဂျိသည် အေဂျင်ဆီများအနက်မှ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတာဝန်ကို လုပ်ဆောင်ရန် နှင့် သိပ္ပံသုတေသနများပါရှိသော ဒေတာဘေ့စ်များကို ဝင်ရောက်ကြည့်ရှုနိုင်စေရန် ရည်ရွယ်ထားသည်ဟု တရားရေးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။

ဂျိ သည် MMS ၏ Jiangsu ပြည်နယ်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး Xu Yanjun ၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Xu သည်တရုတ်ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်ပြီး အမေရိကန်လေကြောင်းနှင့် အာကာသယာဉ်ကုမ္ပဏီများထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် ကြံစည်မှုဖြင့် ယမန်နှစ်က ထောင်ဒဏ်နှစ် ၂၀ ချက်မှတ်ခံခဲ့ရပြီး ၂၀၁၈ခု နှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ထိန်းသိမ်းခံခဲ့ရကာ အမေရိကန်သို့ပထမဆုံးလွှဲပြောင်းပေးခဲ့သည့် သူလျှိုတစ်ဦးဖြစ်သည်။

တရုတ်အင်ဂျင်နီယာ ၁ ဦး တရုတ်အစိုးရအတွက် သူလျှိုလုပ်မှုကြောင့် အမေရိကန်တွင်ထောင် ၈ နှစ်ချမှတ်ခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ