
ABN-ရှိုင်းမိုး
ယနေ့ ပြုလုပ်သည့် အစည်းဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လွှတ်တော်အစည်းအဝေးက လက်ရှိသမ္မတ ရှီကျင့်ဖျင်ကို တတိယအကြိမ်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ထပ်မံမဲပေးရွေးချယ်လိုက်သည်။
တရုတ်နိုင်ငံတွင် ပါလီမန် အဖွဲဝင် ၃၀၀၀နီးပါးနှင့် ပါတီကိုယ်စားလှယ်များက လက်ရှိသမ္မတ ရှီကျင့်ဖျင်ကို ဆက်လက်သမ္မတအဖြစ် တရုတ်ပြည်သူ့ခန်းမဆောင်ကြီးအတွင်း ဆုံးဖြတ်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ပါတီညီလာခံတွင် ငါးနှစ် သမ္မတသက်တမ်း နှစ်ကြိမ် သတ်မှတ်ထားသော ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ရာ ရှီကျင့်ဖျင်အတွက် တတိယအကြိမ်မြောက် သမ္မတ တာဝန်ပေးခြင်းခံခဲ့ရခြင်းဖြစ်သည်။
၂၀၂၂ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော ပါတီကွန်ဂရက်တွင်ရှီကျင့်ဖျင်အား ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် တတိယအကြိမ် ရွေးချယ်ခဲ့ပြီး ဖြစ်သည်။
တရုတ်နိုင်ငံတွင် နိုင်ငံခေါင်းဆောင်ပိုင်း ရာထူးအပြောင်းအလဲများကို ၅နှစ် တစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံတွင် ထုတ်ဖော်ကြေညာလေ့ရှိသည်။
သို့သော်လည်း နိုင်ငံတော်ကောင်စီအဆင့်နှင့်အစိုးရအဖွဲ့ တာဝန်များကိုမူ အမျိုးသားပြည်သူ့ ကွန်ဂရက် (National People Congress) သို့မဟုတ် လွှတ်တော်ကသာ ရွေးချယ်တင်မြှောက်သည်။
ဓာတ်ပုံ-AFP