ABN-နွယ်စိုး
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Changfeng ဆေးရုံကို အင်္ဂါနေ့က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကာ ၇၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒါဇင်နှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကို အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခဲ့ပြီး ဆေးရုံ၏အတွင်းလူနာဌာန INအပါအဝင် အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၇၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
သေဆုံးသူအမည်များနှင့် ထိခိုက်ဒဏ်ရာရရှိမှုစာရင်းကို အစိုးရ တရားဝင် ထုတ်ပြောခြင်းမရှိသေးပေ။
ထို့အပြင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေး နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။