Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုကြောင့် တစ်လကျော်အတွင်း လူပေါင်း ၆ သောင်းနီးပါး သေဆုံးကြောင်း တရုတ်ကျန်းမာရေး ဌာနထုတ်ပြန်

ABN- မေအိအိအောင်

တရုတ်နိင်ငံတွင် တစ်လကျော်အတွင်း COVID ကူးစက်မှုကြောင့် လူပေါင်း ၆၀,၀၀၀ နီးပါးရှိခဲ့ကြောင်း တရုတ် ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့က တရား၀င်ထုတ်ပြန်လိုက်သည်။

တင်းကျပ်သည့် ကပ်ရောဂါတိုက်ဖျက်ရေး Zero -COVID မူ၀ါဒအရ စည်းမျဥ်းကန့်သတ်ချက်များကို ဒီဇင်ဘာလ အစောပိုင်းက ပယ်ဖျက်ပြီးနောက်ပိုင်း တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် သေဆုံးမှုအခြေအနေကို တရား၀င်ကြေညာလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလ ၈ ရက်နေ့မှ ယခုနှစ် ၂၀၂၃ ဇန်န၀ါရီလ ၁၂ ရက်နေ့အတွင်း တရုတ်နိုင်ငံ မှတ်တမ်းအရ COVID နှင့်ဆက်နွယ်ပြီး သေဆုံးသူ ၅၉၉၃၈ ဦးရှိကြောင်း အမျိုးသား ကျန်မာရေးကော်မရှင် National Health Commission လက်အောက်ခံ Bureau of Medical Administration ၏ အကြီးအကဲ Jiao Yahui က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသေဆုံးမှုထဲတွင် Covid ကြောင့် သေဆုံးသူ ၅၅၀၃ ဦးရှိပြီး ၎င်းအပြင် ယခင်ကတည်းက ကင်ဆာကဲ့သို့ ရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းဖြစ်နေသူ Covid ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၄၄၃၅ ဦးရှိကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များကပြောသည်။

ထိုသေဆုံးမှု ကိန်းဂဏန်းများမှာ ဆေးရုံ၊ဆေးခန်းများတွင် မှတ်တမ်းတင်ထားသည့် သေဆုံးမှုများသာဖြစ်ကြောင်း အမှန်တကယ်သေဆုံးသူ အရေအတွက်မှာ ပိုများနိုင်ကြောင်း သိရသည်။

တရုတ်ကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရောဂါပြင်းထန်၍ဆေးရုံတက်ရသူ ၁၂၈,၀၀၀ ရှိခဲ့သော်လည်း ဇန်န၀ါရီ ၁၂ ရက်တွင် ဆေးရုံတက်ရသူ ၁၀၅,၀၀၀ရှိရာ ဆေးရုံတက်ရသူ ၂၃၀၀၀ လျှေ့ာကျလာခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရက ကပ်ရောဂါ ကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီးနောက် Covid စစ်ဆေးမှုများလည် မပြုလုပ်တော့သဖြင့် ဇန်န၀ါရီ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံ တစ်၀န်းတွင် လူဦးရေသန်း ၉၀၀ ခန့် ကူးစက်ခံရနိုင်ကြောင်း ပီကင်းတက္ကသိုလ် (Peking University) ၏လေ့လာမှုအရသိရသည်။

၎င်းအပြင် တရုတ်အာဏာပိုင်များက zero-Covid မူ၀ါဒ စွန့်လွှတ်ပြီးနောက် COVID ကူးစက်မှု နှင့်သေဆုံးနှုန်းကို ‌လျှေ့ာပေါ့ထုတ်ပြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ပြောသည်။

Chinese Center for Disease Control and Prevention မှ ကူးစက်ရောဂါပညာရှင်ဟောင်း Zeng Guang က တရုတ်နိုင်ငံတွင် Covid ကူးစက်မှု အထွပ်အထိပ်သို့ ရောက်နေခြင်းမှာ ၂ လ ၃ လအထိ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် လာမည့် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် စတင်ကျင်းပမည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်များတွင် လူဦးရေ သန်းနှင့်ချီပြီး ၎င်းတို့၏ ဇာတိမြို့ကို ပြန်ကြမည်ဖြစ်သည့်အတွက် ကျေးလက်ဒေသများတွင် ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်လာနိုင်ကြောင်း Zeng က ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က တရုတ်သတင်းမီဒီယာ Caixin တွင်ပြောခဲ့သည်။

ဓာတ်ပုံ-Reuters

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုကြောင့်  တစ်လကျော်အတွင်း   လူပေါင်း ၆ သောင်းနီးပါး သေဆုံးကြောင်း တရုတ်ကျန်းမာရေး ဌာနထုတ်ပြန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ