သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

AB News – သြဂုတ် ၁၅၊ ၂၀၂၅
နွယ်စိုး

အကြမ်းဖက် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတိုသည် ဩဂုတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်နင်းမြိုတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်ငြိမ်ရေးနှင့် နိုင်ငံတည်ငြိမ်ရေးတိုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထိုအပြင် မြန်မာနိုင်ငံအတွက် ကိုက်ညီသော ဖွံဖြိုးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ကူညီပံ့ပိုးပေးမည်ဟုလည်း ကတိပြုခဲ့သည်။

၎င်းက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းနှိမ်နင်းရန်နှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရန် မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။

စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ၏ ဒသမအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို တက်ရောက်ရန် တရုတ်နိုင်ငံသို ရောက်ရှိနေခြင်းဖြစ်သည်။

ဦးသန်းဆွေက မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ခံပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်သုံးခုကို ထောက်ခံကြောင်း ပြောခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးများအတွက် တရုတ်၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူဝါဒကို ကျင့်သုံးနေကြောင်း အစဉ်အမြဲ ပြောဆိုခဲ့သော်လည်း လားရှိးမြို ပြန်လည်သိမ်းပိုက်ရေးအပါအဝင် မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုက်ပွဲများတွင် ဖိအားပေးလျက်ရှိသည်။

စစ်ကောင်စီသည် “၁၀၂၇” စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသနီးပါးကို လက်လွှတ်ခဲ့ရပြီးနောက် တရုတ်၏အကူအညီဖြင့် ထိုဒေသများကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က မြန်မာ့တော်လှန်ရေး၏ အကြီးမားဆုံး အခက်အခဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်သော တရုတ်၏ လွှမ်းမိုးချုပ်ကိုင်မှုဖြစ်သည်ဟု ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ