Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ရောက်ရှိပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန်ပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ရောက်ရှိပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန်ပြော

ABN-နွယ်စိုး

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် ယမန်နေ့ အင်္ဂါနေ့က တရုတ်-မြန်မာ နယ်စပ်ကိုရောက်ရှိခဲ့ပြီး မြန်မာနှင့် နယ်နမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရန် တောင်းဆိုလိုက်သည်။

ဝန်ကြီးချုပ် ချင်ဂန်သည် ၄င်း၏ နယ်စပ်ခရီးစဥ်အတွင်း ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီနှင့် အစိုးရဌာနများ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး နယ်စပ်ကာကွယ်ရေး စနစ် အားကောင်းအောင် ပူးပေါင်းဆောက်ရွက်ရန် တိုက်တွန်းခဲ့ ကြောင်း သိရသည်။

ဝန်ကြီး ချင်ဂန်သည် မြန်မာခရီးစဥ်မတိုင်မီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Noeleen Heyzerနှင့် ဘေဂျင်း မြို့တော်တွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ခြင်းရပ်ရန်၊ သက်ဆိုင်သူများ ဆွေးနွေးပြောဆိုရန်၊ စာနာမှုအကူအညီများ ပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ၏ တာဝန်များကို အကောင်အထည်ဖော်နိုင်ရေး ကိစ္စများအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုများကို နိုင်ငံတကာက လေစားရန် တရုတ်သံတမန်မှ ပြောကြားခဲ့ကြောင်း တရုတ်အစိုးရ နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် မြန်မာနိုင်ငံက သက်ဆိုင်သူများ ဦးဆောင်ပြီး မြန်မာပြည်သူများ ဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဖြေရှင်းမှုများကို ကုလသမဂ္ဂ မှ အားပေးကြောင်းလည်း ပြောဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ