Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်စစ်တပ်၏ အဖျက်သဘောဆောင်သည့် တဖက်သတ် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ဖို့ ထိုင်ဝမ်စစ်တပ် သတိပေး

တရုတ်စစ်တပ်၏ အဖျက်သဘောဆောင်သည့် တဖက်သတ် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ဖို့ ထိုင်ဝမ်စစ်တပ် သတိပေး

ABN-နွယ်စိုး

စက်တင်ဘာ ၁၉ ရက်

တရုတ်နိုင်ငံအနေနှင့် ထိုင်ဝမ်ကျွန်းအနီးနားတဝိုက်မှာ အပြုသဘောမဆောင်သည့် တဖက်သတ်စစ်ရေးလှုပ်ရှားမှုများ သိသိသာသာလုပ်ဆောင်လာနေခြင်းကို ရပ်တန့်ရန် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်ပြီး ထိုလုပ်ရပ်သည် နှစ်နိုင်ငံကြား စစ်ရေး တင်းမာမှုများ ရှိလာနိုင်ဖွယ်ရှိကြောင်းလည်း ပြောကြားထားသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ၄င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ထိုကျွန်းအနီး၌ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေခြင်းမှာ သိသိသာသာမြင့်တက်လာပြီးနောက် ထိုင်ဝမ်စစ်တပ်ဘက်က ယခုလိုသတိပေးလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ပင်လယ်ပြင်မှာထောက်လှမ်းတွေ့ရှိခဲ့သည်ဟုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပြီး မကြာသေးမီနှစ်များအတွင်းကလည်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု ဆိုခဲ့သည်။

ထိုလုပ်ရပ်သည် ရေလက်ကြားနှင့် ဒေသတွင်းလုံခြုံရေးအတွက် ပြင်းထန်သည့် စိန်ခေါ်မှုများဖြစ်စေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှာ ဒေသတွင်းနိုင်ငံအားလုံး၏ ဘုံတာဝန်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယခုလိုစစ်ရေးအရ ဆက်တိုက်နှောက်ယှက်မှုများလုပ်လာခြင်းသည် နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြစ်စေကြောင်းနှင့် ဒေသတွင်း လုံခြုံရေးကိုလည်း ပိုမိုဆိုးရွားစေသည့်အတွက် တရုတ်အာဏာပိုင်များအနေနှင့် ထိုလုပ်ရပ်ကို ချက်ချင်းရပ်ဖို့ တောင်းဆိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု Rutersသတင်းဌာနတွင် ဖော်ပြထားသည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ