Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

AB News – ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးလိုက်သည်။

တရားမဝင် ဝင်ရောက်လာသူများကို အရေးယူရန် လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးထားသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ကို ယနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ဘန်ကောက်ပိုစ့် သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

တရားဝင် ဝင်လာတဲ့သူတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတွေကို ဥပဒေအရ အရေးယူသွားမယ်။ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးထားတယ် ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံကို လာခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား သိသိသာသာ တိုးလာတယ် လို့ ထပ်မံပြောဆိုသည်။

ရန်ကုန်မြို့တွင်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှလည်း ဗီဇာလျှောက်ထားသူ အလွန်များလာသောကြောင့် ၁ရက်အတွင် လျှောက်ထားသူ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄နေ့တွင် ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ရှိ အောင်မြေသာစံမြို့နယ်၊ အမှတ် ၁၂ လမ်း၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးရှေ့တွင် လက်မှတ်လာထုတ်သူအများအပြား တိုးဝှေ့တန်းစီရာမှ ယနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် လူအုပ်ပိတ်မိကာ အမျိုးသမီး ၂ဦး အသက်ရှုကြပ်သေဆုံးခဲ့ပြီး နောက် ၁ဦးတွင် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

နိုင်ငံအနှံ့တွင် စစ်ရှုံးနေသည့် အာဏာသိမ်း စစ်ကောင်စီသည် တပ်အင်အား ဖြည့်တင်းရန် ၁၈ နှစ်ပြည့်ပြီးသည့် လူငယ်များအား နေရာအနှံ့ အလစ်သုတ် ဖမ်းဆီးမှုများ ပြုလုပ်လာသည့်အတွက် လူငယ်များမှာ မြန်မာပြည်ထဲတွင် မနေရဲ၍ နိုင်ငံခြား တစ်နိုင်ငံသို့ ထွက်သွားရန် ကြိုးစားလာသူ ရက်ပိုင်းအတွင်း သိသိသာသာ များလာနေသည်။

ဓာတ်ပုံ-ABN/Tun Thar

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ