Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တန်ဇန်နီးယားခရီးသည်တင် လေယာဉ် ဗစ်တိုးရီးယား ရေကန်တွင်းသို့ပျက်ကျ၍လူ၃ဦးသေဆုံး

တန်ဇန်နီးယားခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့ နိုဝင်ဘာ ၆ ရက် ဗစ်တိုးရီးယားရေကန်ကမ်းစပ်၌ဆင်းသက်ရန်ကြိုးပမ်းစဉ် Bukobaမြို့ ၎င်းကန်ကမ်းစပ်၌ ပျက်ကျခဲ့ပြီးအနည်းဆုံးလူ၃ဦးသေဆုံးခဲ့သည်။

Precision Air လေကြောင်းလိုင်းသည် လူ ၄၃ ဦးကိုတင်ဆောင်ခဲ့ပြီး ၎င်းတို့အနက်၂၆ဦးကိုကယ်ဆယ်ပြီးဆေးရုံသို့ပို့ဆောင်ထားကြောင်း တာဝန်ရှိသူတစ်ဦးကပြာသည်။

ကယ်ဆယ်ရေးသမားများနှင့်ဒေသခံငါးဖမ်းသမားများသည်အခင်းဖြစ်ရာနေရာတွင်အသက်ရှင်ကျန်ရစ်သူများကိုဆက်လက်ရှာဖွေလျက်ရှိသည်။

လေယာဉ်သည် ကယ်ဆယ်ရေးသမားများနှင့်ငါးဖမ်းလှေများဖြင့်ဝန်းရံထားပြီးရေထဲတွင်နှစ်မြုပ်လုနီးပါးဖြစ်နေသည်။

ဒေသဆိုင်ရာထိပ်တန်းအရာရှိ အဲလ်ဘတ်ချာလာမီလာက ယခုအချိန်ထိရုပ်အလောင်း၃လောင်းကိုရှာဖွေတွေ့ရှိထားကြောင်းပြောသည်။

အရေးပေါ်လုပ်သားများသည်ကြိုးများကိုအသုံးပြု၍ ATR-42 လေယာဉ်ကိုဗစ်တိုးရီးယားရေကန်ထဲမှဆွဲထုတ်၊ ရေပေါ်မှတွန်းထုတ်ရန် နည်းပညာအကူအညီတွေထပ်တောင်းနိုင်ရန်ရှိသည်ဟု Mr Chalumilaမှပြောသည်။

လေယာဉ်မှူးနှစ်ဦးနှင့်အမှုထမ်းနှစ်ဦးကိုယခုထိရှာမတွေ့သေးဟု၎င်းကပြောသည်။

သမ္မတSamia Suluhu Hassan ကထိခိုက်ဒဏ်ရာရရှိသူများအားဝမ်းနည်းကြောင်းပြောကြားပြီးကယ်ဆယ်ရေးလုပ်ငန်းများအားဆက်လက်ဆောင်ရွက်နေချိန်တွင်ငြိမ်သက်ရန်တောင်းဆိုခဲ့သည်။

အဆိုပါလေယာဉ်သည်တန်ဇန်နီးယားနိုင်ငံ၏အကြီးဆုံးမြို့ Das es Salaamမှ Mwanzaမှတစ်ဆင့် Bukobaသို့ပျံသန်းနေစဉ် မုန်းတိုင်းနှင့်မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်းသတင်းရရှိခဲ့သည်။

Precision Air သည်တန်ဇန်နီးယား၏အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကို Kenyu Airwayzကပိုင်ဆိုင်သည်။

၎င်းကို၁၉၉၃ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးပြည်တွင်းနှင့်ဒေသဆိုင်ရာလေကြောင်းလိုင်းပျံသန်းမှုများလုပ်ဆောင်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်