Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇလန်စကီးက တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံရန် စီစဉ်နေ

ဇလန်စကီးက တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံရန် စီစဉ်နေ

ယူကရိန်းသမ္မတ ဇလန်စကီးက ဘေဂျင်းမှ ယူကရိန်းတွင် အရေးပေါ် ငြိမ်းချမ်းရေးဆွေးနွေးချက် ထုတ်ပြန်ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံရန် ရှိကြောင်း ဖေ‌ဖော်ဝါရီလ ၂၄ ရက် သောကြာနေ့က ပြောကြားလိုက်သည်။

ဇလန်စကီးက ၎င်းအနေဖြင့် တရုတ်ကလက်နက်ပစ္စည်းများကို တတိယ ကမ္ဘာ့စစ်ကိုဖန်တီးမည့် ရုရှားသို့ ‌ထောက်ပံပေးမှုများကိုလည်း အကောင်းဆုံးကာကွယ်ပေးခဲ့ကြာင်း ပြောခဲ့သည်။

“ရှီကျင့်ဖျင့်ကိုတွေ့ဖို့ ကျွန်တော် စီစဉ်နေပါတယ်၊ ဒါက ကမ္ဘာ့လုံခြုံရေးအတွက် အရေးပါလာမှာပါ” ဟု ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် ဇလန်စကီးက သတင်းထောက်များကို ပြောကြားခဲ့သည်။

မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့ဆုံမည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။ သို့သော်လည်း တရုတ်သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်နိုင်သည်ဟု အရိတ်အမြွတ်ပြောကြားခဲ့သည်။

“တရုတ်က ရုရှားကို စစ်လက်နက်တွေ မထောက်ပံ့ဘူးဆိုတာကို ကျွန်တော် ယုံကြည်ချင်ပါတယ်။ ကျွန်တော့်အတွက် တကယ့်ကို အရေးကြီးပါတယ်” ဟု ဇလန်စကီးက ပြောခဲ့သည်။

သို့သော်လည်း အင်အားကြီးအနောက်နိုင်ငံများက အဆိုပြုချက်နှင့် ပတ်သက်၍ ခါးခါးသီးသီး ငြင်းပယ်ထားကြသည့်အပြင် ဘေဂျင်းက မော်စကိုကို ချည်းကပ်နေမှုကိုလည်း သတိပေးထားမှုများ ရှိနေသည်။

ဇလန်စကီးကလည်း နယ်မြေတိုက်ခိုက်ခံနေရသည့် နိုင်ငံသည်သာလျှင် ငြိမ်းချမ်းရေးအစပျိုးမှုများကို စတင်နိုင်မည်ဟု ယုံကြည်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

မဟာဗျူဟာအရ ရုရှားနှင့် ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်နေချိန်တွင် ဘေဂျင်းသည် ပဋိပက္ခကြားတွင် ကြားနေပါတီအဖြစ် ရပ်တည်ရန် ကြိုးပမ်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ