Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီသမ္မတသဘောတူ၊ တူရကီကိုလည်း EUအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး လမ်းဖွင့်ပေးရန် တောင်းဆို

ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီသမ္မတသဘောတူ၊ တူရကီကိုလည်း EUအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး လမ်းဖွင့်ပေးရန် တောင်းဆို

ABN-ရာဟု

ဇူလိုင် ၁၁ရက်

တူရကီသမ္မတ အာဒိုဂန်က ဆွီဒင်နိုင်ငံအား NATO အဖွဲ့ဝင် ဖြစ်လာရေးကို သဘောတူလက်ခံခဲ့သလို တူရကီနိုင်ငံကိုလည်း EU -ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် လမ်းဖွင့်ပေးကာ လက်ခံစေလိုသည်ဟု ပြောဆိုလိုက်သည် ဟု သိရသည်။

NATO အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရေး လုပ်ငန်းစဥ်များကို တူရကီပါလီမန်သို့ အမြန်ဆုံး တင်ပြပေးဖို့ သမ္မတ အာဒိုဂန်က သဘောတူလက်ခံခဲ့သည်ဟု NATOအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားထားသည်။

NATO ထိပ်သီးအစည်းအဝေးများ မကျင်းပမီဇူလိုင်လ ၉ရက်နေ့က လစ်သူယေးနီးယားနိုင်ငံမှာ တူရကီသမ္မတအာဒိုဂန်၊ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristerss နှင့် NATOအထွေထွေအတွင်းရေး မှူးချုပ် Stoltenberg တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

တူရကီသမ္မတ အာဒိုဂမ် က ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံနိုင်ရေးအခြေအနေသစ် တစ်ရပ်ကို ခွင့်ပြုပေးခဲ့သလို တူရကီ နိုင်ငံကိုလည်း EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ဖို့ လမ်းဖွင့် ပေးကာ လက်ခံစေလ်ိုကြောင်း ဥရောပနိုင်ငံများသို့ တောင်းဆိုခဲ့သည်ဟု သိရသည်။

တူရကီသမ္မတ အာဒိုဂမ်က ဆွီဒင်နိုင်ငံတွင် ကာ့ဒ်စစ်သွေးကြွများနှင့်တစ်ခြား လုံခြုံရေးအရ အန္တရာယ် ရှိနိုင်သည့် အဖွဲ့များကို ကိုင်တွယ်ရာတွင် ပျော့ညံ့လွန်းသည်ဟု ပြောဆိုကာ NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်‌ရေးကို ကန့်ကွက်နေခဲ့ခြင်းဖြစ်ပြီး ယခုမှ ၃၂နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဆွီဒင်နိုင်ငံကို လက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ