Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆူဒန်တွင် RSF၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး

ဆူဒန်တွင် RSF၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၄ရက်

ဆူဒန်နိုင်ငံ၏ မြို့တော်ခါတွန်တွင် စက်တင်ဘာလ ၃ရက်နေ့က အလျှင်အမြန်ထောက်ပံရေးတပ်ဖွဲ့ (RSF) ၏ တိုက်ခိုက်မှုကြောင့် အရပ် သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဆူဒန်စစ်တပ်၏ထုတ်ပြန် ပြောကြားချက်အရသိရသည်။

ခါတွန်မြို့တော်အနောက်မြောက်ပိုင်းရှိ ကရာရီနှင့် ဝတ်ဒယ်လ်-ဘတ်ခစ်တ်ရပ်ကွက်များတွင် RSFက အရပ်သား၊ စစ်သား မခွဲခြားဘဲ သေနတ်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

RSF အဖွဲ့သည် ခါတွန်မြို့၏တောင်ဖက် အဲလ်-မေ့စ်ထ်ဧရိယာတွင်လည်းသေနတ်ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အရပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု စစ်တပ်၏ထုတ်ပြန်ချက်အရသိရသည်။

ခါတွန်မြို့၏ တောင်ဖက်ဧရိယာများတွင် RSFအဖွဲ့နှင့်စစ်တပ်အကြား ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ RSF မှတိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

RSF အဖွဲ့သည် ဆူဒန်နိုင်ငံအနောက်ပိုင်း တောင်ဒါဖာပြည်နယ်မြို့တော် နီလာရှိ လူနေရပ်ကွက်များကို ဆူဒန်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၁၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲထားသည်။

​ပြီးခဲ့သည့် သြဂုတ်လ ၃ရက်နေ့ကလည်း အမ်ဒါမန်မြို့အနောက်ဖက်ရှိ စစ်တပ်၏ အင်ဂျင်နီယာတပ်စခန်းတစ်ခုကို ဆူဒန်စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် RSFတပ်ဖွဲ့ဝင် ၆၀ ဦးသေဆုံးခဲ့ကြောင်း RSF က ထုတ်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံတွင် ​ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကစ၍ ခါတွန်နန့် တခြားဒေသများတွင် အလျှင်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့နှင့် စစ်တပ်တို့အကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။​

အဆိုပါတိုက်ပွဲများအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးပြီး ၆၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၄.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်