Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆူဒန်တွင် ၇ ရက် အပစ်ရပ်စဲရန် သဘောတူ

ဆူဒန်တွင် ၇ ရက် အပစ်ရပ်စဲရန် သဘောတူ

ABN-ရှိုင်းမိုး

စစ်တပ်နှင့် အရံတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြသော ဆူဒန် နိုင်ငံတွင် ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရန် နှစ်ဖက်သဘောတူ ထားကြသည်ဟု တောင်ဆူဒန်အစိုးရက မေ ၂ ရက်နေ့က ထုတ်ပြန်သည်။

ဆူဒန်ပဋိပက္ခတွင် တောင်ဆူဒန်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မေ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၇ ရက်ကြာ အပစ်ရပ်စဲရန် နှစ်ဖက်ခေါင်း ဆောင်များက သဘောတူခဲဲ့ကြခြင်း ဖြစ်သည်ဟု တောင်ဆူဒန် နိုင်ငံခြား​ရေးဝန်ကြီးဌာနက ပြောသည်။

တောင်ဆူဒန်သမ္မတ Salva Kiir က အပစ်အခတ်ရပ်စဲရေး ပိုမိုတာရှည်ရန်အရေးကြီးသည်ဟု ပြောကြားသည်။

အပစ်အခတ် ရပ်စဲပြီး နှစ်ဖက်စလုံးက ပစ်ခတ်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် သဘောတူထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပထမ အကြိမ် နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီချက်များ ပျက်ပြယ်ခဲ့ရသည်။

လက်ရှိအချိန်ထိ နှစ်ဖက်လုံးက ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားသော်လည်း ဆွေးနွေးပွဲများဖြစ်မြောက်ရန်အတွက် အကန့်အသတ်များ ဆက်လက်ရှိနေဆဲဖြစ်သည်။

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရံတပ်ဖွဲ့ (RSF) အကြား တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ သေဆုံးသူ စုစုပေါင်း ၅၂၈ ယောက်ရှိပြီး ဒဏ်ရာရရှိ လူပေါင်း ၄၅၉၉ ယောက်ထိရှိလာကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဆူဒန်စစ်ပွဲကြောင့် လူပေါင်း ၁သိန်းခန့် နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက မေ ၂ရက်နေ့က ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်