Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆူဒန်တွင် ပဋိပက္ခဖြစ်ပွားမှု ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ထိရှိလာ

ဆူဒန်တွင် ပဋိပက္ခဖြစ်ပွားမှု ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ထိရှိလာ

ABN-ရှိုင်းမိုး

ဇွန် ၁၉ ရက်

ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၁၅ရက်နေ့မှ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် သုံးလအတွင်း သေဆုံးသူ ၂၀၀၀ ကျော်အထိရှိလာပြီး ဆက်လက်၍ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

စစ်တပ်နှင့် အရံတပ်ဖွဲ့တို့အကြား ပြင်းထန်သည့်တိုက်ပွဲများအတွင်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဒါဖာဒေသတွင် ပြည်နယ် အုပ်ချုပ်ရေးမှူး ၁ ယောက် သေဆုံးခဲ့ပြီးနောက် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် လူ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ထိုအထဲက လူ ၅၂၈,၀၀၀ ယောက်သည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ပဋိပက္ခများအတွင်း လူပေါင်း ၂၅ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေပြီး ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်