Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆူဒန်တွင် တပတ်ကြာ အပစ်ရပ်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဆူဒန်တွင် တပတ်ကြာ အပစ်ရပ်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ABN-ရှိုင်းမိုး

ဆူဒန်နိုင်ငံတွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ခါတွန်မြို့တော် အနီးတဝိုက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဆူဒန်သတင်းများတွင် ဖော်ပြထားသည်။

မေလ ၄ရက်နေ့မှ ၁၁ ရက်နေ့အထိ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရန်သဘောတူထားကြသည်။

ဆူဒန်နိုင်ငံ၊ ခါတွန်မြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဆူဒန်စစ်တပ် (SAF) နှင့် အရံတပ်ဖွဲ့ (RSF) နှစ်ဖွဲ့လုံးသည် ခါတွန်မြို့လယ်ရှိ သမ္မတနန်းတော်နှင့် စစ်တပ်ဌာနချုပ်အနီးနေရာများကို ထိန်းချုပ်ရန် အပြိုင်ကြိုးစားနေကြသည်။

တိုက်ပွဲများ ဆက်ဖြစ်နေခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အပြင်းအထန်ရှုတ်ချပြီး ဆူဒန်မှာဖြစ်ပွား နေသည့် အကြမ်းဖက် မှုများအား” ကြေကွဲစရာဖြစ်ရပ်” ဟုခေါ်ဆိုလိုက်ပြီး ဆူဒန်ပြည်သူများ ပြတ်သားစွာ တောင်းဆိုနေသည့် အရပ်သား အစိုးရ တောင်းဆိုမှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သစ္စာဖောက်ခြင်းဟု ကြေညာချက် ထုတ်​ပြန်ထားသည်။

ဆူဒန်စစ်တပ်သည် ၎င်းတို့အား တိုက်ခိုက်နေသည့်အရံတပ်ဖွဲ (RSF)ဖက်မှ လက်နက် အမြန်ချမည်ဆိုလျှင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ပြင်ဆင်နေကြောင်း ဆူဒန်သံအမတ်ကြီးက ပြောကြားထားသည်။

ဆူဒန်တွင် တိုက်ပွဲများကြောင့် လူပေါင်း ၅၅၀ ကျော်သေဆုံးပြီး ၄၉၂၆ ကျော် ထိခိုက်ဒဏ်ရာရကာ အနည်းဆုံး လူ ၃၃၄,၀၀၀ လောက် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး