Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆူဒန်တွင် ဇီ၀ပိုးမွှားအန္တရာယ် ကြီးမားလာနိုင်ကြောင်း WHO သတိပေး

ဆူဒန်တွင် ဇီ၀ပိုးမွှားအန္တရာယ် ကြီးမားလာနိုင်ကြောင်း WHO သတိပေး

ABN-ရှိုင်းမိုး

ပြီးခဲ့သည့်ဧပြီ ၁၅ ရက်နေ့က ဆူဒန်တွင်အရံတပ်ဖွဲ့ (RSF) လက်နက်ကိုင်များက မြို့တော် Khartoum ကိုဝင်ရောက်သိမ်းပိုက်ရာ ၎င်းမြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ဝင်ရောက်စီးနင်းခဲ့၍ ဇီ၀ဆိုင်ရာအန္တရာယ် ကြီးကြီးမားမားရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဧပြီ ၂၅ ရက်နေ့မှာ သတိပေးပြောကြားလိုက်သည်။

ထိုဓာတ်ခွဲခန်းထဲတွင် သီးသန့်မွေးမြူထားသည့် ပိုလီယိုပိုးမွှား ၊ ကာလဝမ်းရောဂါပိုးမွှားနှင့် ဝက်သက်ရောဂါပိုးမွှားများကို (RSF) လက်နက်ကိုင်များက ယူဆောင်သွားခဲ့သည့်အတွက် အန္တရာယ်များသည့် အခြေအနေသို့ရောက်ရှိလာနိုင်သည်ဟု WHO ကပြောသည်။

၎င်းအပြင် ထိုဓာတ်ခွဲခန်းကို RSF လက်နက်ကိုင်များက သိမ်းပိုက်ထားသည့်အတွက် ဆေးဖက်ဆိုင်ရာပညာရှင်များ ဝင်ခွင့်မရသည့်အပြင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသောကြောင့် ဓာတ်ခွဲခန်းထဲ

ရှိ ဇီ၀ဆိုင်ရာပစ္စည်းများနှင့် ဇီ၀ပိုမွှားများကို စနစ်တကျ ထိန်းသိမ်းရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

လက်ရှိတွင် ဆူဒန်နိုင်ငံ၌ ဧပြီ ၂၅ ရက်

နေ့မှစ၍ ၃ရက်ကြာ အပစ်ရပ်သဘော တူညီထားကြသော်လည်း နိုင်ငံအတွင်း သေနတ်သံများ ပြန်လည်ပေါ်ထွက်လာနေသည့်အတွက် ကမ္ဘာ့နိုင်ငံများကလည်း ဆူဒန်ထဲမှ ၎င်းရို့၏ နိုင်ငံသားများကို ကယ်ထုတ်ရန် အဟုန်မြှင့်ဆောင်ရွက်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ