Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် အဆောက်အဦးပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံး

ABN- ရှိုင်းမိုး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့တွင် လူနေအိမ်အဆောက်ဦးပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး အပျက်အစီးများအောက်၌ နစ်မြုပ်နေသေးသည်ဟု ယူဆရသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ Sheikh Maksoud ခရိုင်ရှိ ၅ ထပ်ဆောင် အဆောက်အဦးသည် ၎င်း၏အခြေခံအုတ်မြစ်အားနည်းသွားမှုကြောင့် ရေယိုစိမ့်မှုဖြစ်ကာ ပြိုကျခဲ့သည်ဟု အစိုးရတာဝန်ရှိသူများပြောကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

သူပုန်ထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို ပြီးခဲ့သည့် ၆ နှစ်က ရုရှား နှင့် ဆီးရီးယားတို့၏ သူပုန်များတိုက်ထုတ်ခဲ့စဥ်က လေကြောင်းမှ ဗုံးကြဲမှုဒဏ်ကို ခံခဲ့ရသည့် အလက်ပိုမြို့တွင် မကြာသေးမီနှစ်များအတွင်း ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည်။

အိုးမဲ့၊ အိမ်မဲ့ဖြစ်နေသည့် ဆီးရီးယားနိုင်ငံသား အများအပြားမှာ ဆယ်စုနှစ်ကျော်ကြာ ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် အဆောက်အဦးများသို့ ရွှေ့ပြောင်းခဲ့ရပြီး အစိုးရအနေဖြင့် လူနေရပ်ကွက်များကို စနစ်တကျ ပြန်လည်တည်ဆောက်မှုမရှိသည့်အပြင် ပြည်နယ်ဆိုင်ရာ ဝန်ဆောင်မှုများ နည်းပါးနေသေးသည်ဟု ဒေသခံများက ပြောသည်။

အတိုက်အခံများက သမ္မတ Bashar al-Assad ကို တော်လှန်ပုန်ကန်မှု ဖြစ်ပွားရာခရိုင်များတွင် ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားသည်ဟု စွပ်စွဲထားသည်။

စစ်ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်ဦးများကို ပြန်လည်ပြုပြင်နေ၍ လုပ်ငန်းအများအပြားကိုလည်း ဒေသခံများက လုပ်ဆောင်ပေးနေရကြောင်းဒေသခံများက ပြောသည်။

စစ်ပွဲနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများအပေါ် ပြန်လည်ထူးထောင်ရေး နှေးကွေးမှုနှင့် အခက်အခဲများဖြစ်ပွားမှုကို အစိုးရက အပြစ်တင်သည်။ စစ်ပွဲတစ်လျှောက် ၎င်း၏ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့်နေရာများအား ပြန်လည်သိမ်းဆည်းထားသောနေရာများနှင့် ကွဲပြားစွာကုသပေးခြင်းကို ငြင်းဆိုထားပြီး နယ်မြေအားလုံးတွင် ပုံမှန်ဝန်ဆောင်မှုများ ပြန်လည်ရရှိရန် လုပ်‌ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ