Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆိုလ်းမြို့Halloween ပွဲတော်တွင် လူအုပ်ကြီးပိမိပြီး အနည်းဆုံးလူ ၁၄၉ ဦးသေဆုံး

တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့ရှိ အီတိဝန်အရပ်တွင် အောက်တိုဘာ ၂၉ ရက်နေ့ညက Halloween ပွဲဆင်နွှဲနေသည့် လူအုပ်ကြီးပိမိပြီး အသက်၂၀ကျော်အရွယ် လူငယ်အများစုအပါအဝင် စုစုပေါင်း၁၄၉ဦးထက်မနည်း သေးဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း၁၅၀ ဝန်းကျင်ခန့်ရှိကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

Halloween ပွဲဆင်နွဲသူအများစုမှာ မျက်နှာဖုံးများနှင့်ပွဲတော်ဝတ်စုံများဝတ်ဆင်လာကြပြီး ညအချိန်ပိုနက်လာသည်နင့်အမျှ လူအုပ်ကြီးကပိုမိုများပြားလာခဲ့ပြီး ထိမ်းမနိုင် သိမ်းမရဖြစ်ကာ ထိခိုက်မိပြီး ထိခိုက်ဒဏ်ရာများအပြင်းအထန်ရပြီး အသက်ရူကြပ်ကာ နှလုံးရပ်သေဆုံးမူများဖြစ်ခဲ့ကြသည်ဟု မျက်မြင်သက်သေများကပြောကြသည်။

သေဆုံးသူများထဲတွင် အများစုမှာအသက်၂၀အရွယ် အမျိုးသမီးများ ဖြစ်ကြသည်။

အသက်၂၁အရွယ် မွန်ဂျန်ယောင်သည် ပွဲတော်ကိုကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ပြီး လမ်းတလျှောက်တွင် တခြားပြဿနာများ ဖြစ်ပွားခြင်းမရှိကြောင်းနှင့် ပွဲတော်ကပုံမှန်ပွဲတော်ထက် ၁၀ ဆနီးပါးစည်းကားခဲ့သည်ဟုပြောဆိုထားသည်။

အဆိုပါပွဲတော်ကို ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းများကြောင့် ရုပ်သိမ်းထားခဲ့ပြီး ၃နှစ်အကြာမှ ပထမအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကာ ပွဲတော်ကို လိုက်ပါစောင့်ကြပ်ပေးနေသည့် ရဲများက လူစုလူဝေးကိုထိန်းသိမ်းရန်ကြိုးစားသော်လည်း ကြီးမားသည့်လူအုပ်ကြီးကြောင့် မအောင်မြင်ဖြစ်ခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောကြသည်။

Halloween ပွဲတော်သည် ဆိုးလ်မြို့၏အကျော်ကြားဆုံးပွဲတော်ထဲတွင်တခုအပါအဝင်ဖြစ်ပြီး တာဝန်ရှိသူများက ပြဿနာအသေးစိတ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ