Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စွမ်းအားပြင်း တူရကီနှင့် ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၅၆၀ သေဆုံးပြီး ရာချီဒဏ်ရာရ

ABN- မေအိအိအောင်

ပြင်းအား ၇.၈ ရှိသော ငလျင်သည် တူရကီတောင်ပိုင်းနှင့် ဆီးရီးယား တောင်ပိုင်းတွင် ယနေ့ ဖေဖော်၀ါရီ ၆ ရက်နေ့ အစောပိုင်းက လှုပ်ခတ်ခဲ့ပြီး​ နေ့လည် ၂ နာရီ ၄ မိနစ်အချိန်ထိ အနည်းဆုံး လူပေါင်း ၅၆၀ ဦးသေဆုံးပြီး ရာချီ ဒဏ်ရာရကြောင်းသိရသည်။

အားပြင်းငလျင်ကြောင့် တူရကီနယ်စပ်နှင့်ဆီးရီးယားနယ်စပ် နှစ်ဘက်လုံးရှိ အဆောက်အုံများပြိုကျပြီး ထိုဒေသတွင် နေထိုင်သူများမှာ အအေးဒဏ်နှင့် မိုးရွာပြီး နှင်းများထူထပ်သည့် ညအတွင်းတွင် အဆောက်အအုံများအပြင်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်းသိရသည်။

ငလျင်လှုပ်ခတ်ခဲ့သော နေရာများကိုရှာဖွယ်ကယ်ဆယ်ရေး အဖွဲ့များ ချက်ချင်း စေလွှတ်ထားကြောင်း နှင့် ဘေးအန္တရာယ်ကျရောက်မှုများအပေါ် အမြန်ဆုံးနှင့် ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုရန်မျော်လင့်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan ကပြောသည်။

အဆိုပါငလျင်သည် ကိုင်ရိုမြို့မှ ၃၃ ကီလိုမီတာ (၂၀ မိုင်) အကွာ လူပေါင်း ၂ သန်းကျော်နေထိုင်သည့် တူရကီပြည်နယ် ၏မြို့တော် Gaziantep မြောက်ဘက်တွင်ရှိသော ဆီးရီးယားနယ်စပ်မှ ကီလိုမီတာ ၉၀ (မိုင် ၆၀) နှင့် ၁၈ ကီလိုမီတာ ၁၁မိုင် အနက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းကဖော်ပြသည်။

ယင်းအပြင် နောက်ဆက်တွဲ ငလျင်အနည်းဆုံး အကြိမ် ၂၀ ကျော်လှုပ်ခတ်ခဲ့ပြီး နေ့ခင်းဘက် အပြင်းထန်ဆုံးတိုင်းတာမှု ၆ ဒသမ ၆ ရှိကြောင်း တူရကီ အာဏာပိုင်များကပြောသည်။

စွမ်းအားပြင်း တူရကီနှင့် ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၅၆၀ သေဆုံးပြီး ရာချီဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ