Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အာဏာရှင်လက်ထက် မြန်မာ့အရေး ထပ်မံတိုးတက်မှုမရှိပါက ပြတ်ပြတ်သားသားးလုပ်​ဆောင်သွားမည်ဟု အင်ဒိုနီးရှားသမ္မတပြော

ABN – သူရမောင်

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက်တွင် မြန်မာ့အရေး ထပ်မံတိုးတက်မှုမရှိပါက ပြတ်ပြတ်သားသားလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တွင် အင်ဒိုနီးရှားသမ္မတအနေဖြင့် တိုးတက်မှုမရှိပါက ပြတ်ပြတ်သားသားလုပ်ဆောင်သွားမည်ဟု ရိုက်တာသတင်းဌာနတွင် ပြောကြားခဲ့သော်လည်း မည်သည့်ကိစ္စကို လုပ်ဆောင်မည်ဆိုသည့်အချက်ကို တိုက်ရိုက်ပြောကြားခဲ့ခြင်း မရှိပေ။

အင်ဒိုနီးရှားသမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ ဗိုလ်ချုပ်ကြီးတစ်ဦး စေလွတ်ရန်ရှိကြောင်း ယမန်နေ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ မည်သူအားစေလွှတ်မည်ကို သမ္မတက မပြောခဲ့သော်လည်း မြန်နိုင်သမျှ အမြန်ဆုံးစေလွှတ်ဖို့ မျှော်လင့်ထားကြောင်း၊ သူစေလွှတ်မည့် ဗိုလ်ချုပ်ကြီးမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သမ္မတကဆိုသည်။

“ဒါက ချဉ်ကပ်ပုံဆိုင်ရာ ကိစ္စဖြစ်ပါတယ်၊ အင်ဒိုနီးရှားမှာ ဒီအတွေ့အကြုံတွေရှိပါတယ်၊ အခြေအနေက အတူတူပါပဲ၊ အင်ဒိုနီးရှားဟာ ဒီမိုကရေစီကို ဘယ်လိုစတင်ခဲ့သလဲဆိုတဲ့ အတွေ့အကြုံကိုလည်း ကျွန်တော်ပြောနိုင်ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတက ရိုက်တာသတင်းဌာနတွင် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့လည်း သူကိုယ်တိုင်မသွားနိုင်ဟု မပြောနိုင်ကြောင်း၊ သို့သော် ဖြတ်သန်းမှုနောက်ခံတူညီနေတဲ့ သူတွေအချင်းချင်းကြားတွင် ဆွေးနွေးခြင်းက ပိုပြီးလွယ်ကူကြောင်းလည်း ၎င်းကပြောကြားသွားခဲ့သည်။

စစ်အာဏာရှင်လက်ထက် မြန်မာ့အရေး ထပ်မံတိုးတက်မှုမရှိပါက ပြတ်ပြတ်သားသားးလုပ်​ဆောင်သွားမည်ဟု အင်ဒိုနီးရှားသမ္မတပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ