သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်မှန်သည့် ဒီမိုကရေစီရရှိရေးအတွက် ပြည်သူများ အမြင်ကျယ်ရန် လိုအပ်ကြောင်း စစ်ခေါင်း‌ဆောင် ပြော

AB New ဇန်နဝါရီ ၂၅၊ ၂၀၂၆
LOKI

စစ်ကော်မရှင်က ကျင်းပသည့် ပါတီစုံအ‌ထွေထွေရွေးကောက်‌ပွဲ နောက်ဆုံးနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်‌ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မင်းအောင်လှိုင်က ယခုကျင်းပသော ရွေးကောက်ပွဲမှ စစ်မှန်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း တိုင်းပြည်‌ကို ကောင်းမွန်‌အောင်လုပ်‌ဆောင်ရမည်ဖြစ်ပြီး အမြင်ကျယ်ရန် လိုအပ်ကြောင်း သတင်းမီဒီယာများအား ဖြေကြားရာတွင် ပြောဆိုခဲ့သည်။

ပြည်သူလူထုများ‌‌ မျှော်လင့်တောင်းတနေကြသည့် ဒီမိုကရေစီလမ်းစဉ်ကို အကောင်ထည်ဖော်ဆောင်ရာ၌ ပြည်သူလူထုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အ‌ရေးကြီးကြောင်း ၎င်းက ပြောဆိုထားသည်။

ရွေးကောက်ပွဲအပြီး ပြည်သူလူထုက တင်မြှောက်ထားသည့် အစိုးရသစ်တစ်ရပ်မှာလည်း နိုင်ငံနှင့် ပြည်သူများအပေါ် တိုးတက်အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်မည့် အစိုးရသစ် တစ်ရပ်ဖြစ်ရန် မျှော်မှန်းကြောင်းနှင့် ၎င်းတို့ကလည်း ပူးပေါင်းကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က VOM သတင်းဌာနအား ဖြေကြားချက်တွင် တွေ့ရသည်။

အတုယောင်ရွေးကောက်ပွဲဟုပြောဆိုမှုများနှင့် ပြင်ပနိုင်ငံများ၏ ဟန့်တားမှုများကိုလည်း စိတ်ထဲမထားကြောင်း၊ မြန်မာပြည်တွင်း ကျင်းပသည့် ရွေးကောက်ပွဲကို မြန်မာပြည်သားများ စိတ်ပါဝင်စားလျှင် ရပြီဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်တွင်းမှ မဲမပေးသူများမှာလည်း ယခုကျင်းပသော ရွေးကောက်ပွဲ၌ မိမိတို့‌ထောက်ခံအား‌ပေးသည့် ပါတီများ မပါဝင်ခြင်းကြောင့်ဖြစ်ပြီး အချို့မှာ သွားရေးလာရေး အခက်အခဲများကြောင့် မဲမပေးရခြင်းသာဖြစ်ပြီး မဲပေးသူများမှာလည်း ၎င်းတို့နှစ်သက်ထောက်ခံသည့် ပါတီများအား လွတ်လပ်စွာ လာရောက်၍ မဲပေးကြခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ယခုလက်ရှိအ‌ခြေအနေမှာ ကောင်းမွန်ပြီး သတင်းမီဒီယာများ၏ သတင်းအတု‌အယောင်များကြောင့် ပြင်ပနိုင်များ အထင်အမြင်လွဲနေရခြင်းသာဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

စစ်‌ကောင်မရှင်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည် PDFတပ်ပေါင်းစုများနှင့် ရှိနှင့်ပြီးသား တော်လှန်ရေးတပ်များကလည်း ယခုကျင်းပပြုလုပ်သော ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ပြီး ပါဝင်‌ဆင်နွှဲခြင်းမပြုကြရန် တိုက်တွန်းထားခဲ့ကြသည်။

စစ်ကောင်မရှင်က ရွေးကောက်ပွဲကို ဖြစ်မြောက်စွာကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေနေကောင်းမွန်နေသည့်ဟုဆိုထားသော်လည်း မြန်မာပြည်အနှံ့ နေရာဒေသများတွင် နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အပြစ်‌မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ