Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ပွဲအတွင်း ယူကရိန်းအားကစားသမားနှင့် နည်းပြ ၂၂၀ ဦးသေဆုံး

ABN- နွယ်စိုး

ရုရှားကို တိုက်သည့်စစ်ပွဲတွင် ယူကရိန်းအားကစားသမားများနှင့် နည်းပြ အနည်းဆုံး ၂၂၀ ဦး သေဆုံးခဲ့ပြီး အားကစားပစ္စည်း ၃၄၀ ကျော် ယိုယွင်းပျက်စီးခဲ့ကြောင်း ယူကရိန်း အားကစားဝန်းကြီးအား ကိုးကားပြီး Reuters သတင်းဌာနတွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

နိုင်ငံ၏အမျိုးသားအိုလံပစ်ကော်မတီ ဥက္ကဌလည်းဖြစ်သည့် Vadym Huttsait သည် Belarusအားကိုးဖြင့် ပြီးခဲ့သည့် တစ်နှစ်ခန့်က မော်စကိုနှင့် တိုက်ပွဲတွင် အသတ်ခံခဲ့ရသူ အားကစားသမားများ၏ ပုံများကို ချိတ်ဆွဲထားသည့် နံရံဘေးတွင်ရှိသည့်

ကီဗ်မြို့ရှိ သူ့ရုံးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသည် ၂၀၂၄ Parise၏ အိုလံပစ်တွင် ကြားနေအားကစားသမားများ အဖြစ်ပါဝင်မည်ဖြစ်ပြီး ရုရှားနှင့်ဘီလာရုနိုင်ငံသားများ၏ပါဝင်နိုင်ဖွယ်ရှိခြင်းကို Huttsait က စူးစမ်းလေ့လာနေကြောင်း ပြောကြားခဲ့ပြီး ‘’ယူကရိန်းသည် ဥရောပအပြင် ကမ္ဘာ့နိုင်ငံများစွာနှင့်ပေါင်းစည်းမည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

“လူတွေအများကြီး၊ အားကစားသမားတွေအများကြီး ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့ ယူကရိန်း ပြည်သူတွေရဲ့ ဘဝက နိုင်ငံတကာပြိုင်ပွဲမှာ ဆုရရှိမှာထက် ပိုအရေးကြီးပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနှင့် ဘီလာရုစ်အားကစားသမားများအား ယှဥ်ပြိုင်ခွင့်ပြုပါက ယူကရိန်းသည် ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်နိုင်ကြောင်း ပြီးခဲ့သည် သီတင်းပတ်က Huttsait က ၄င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်ပွဲအတွင်း ယူကရိန်းအားကစားသမားနှင့် နည်းပြ ၂၂၀ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ